ရန်ကုန်၊ နိုဝင်ဘာ (၂၇) တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်တွေရဲ့ ဈာပနမြင်ကွင်း ဖြစ်ပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၆) “နိုင်ငံတကာကို အားမကိုးနဲ့ လူထုလွတ်မြောက်ရေးအတွက်၊ ကိုယ်တိုင်တိုက်ယူကြ” ဆိုတဲ့ စာသားကို ကိုင်ဆွဲကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တော်လှန်ရေးအင်အားစုတွေက ဒီနေ့မှာ အရုဏ်ဦး သပိတ်စစ်ကြောင်း ပြုလုပ်ပြီး စစ်အာဏာရှင်ကို လက်မခံကြောင်း ပြသခဲ့ပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၁) ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့၊ ၅၅ နဲ့ မနော်လမ်းမီးပွိုင့်က ယာဉ်ထိန်းရုံးမှာ “သွေးကြွေးတောင်းဖို့ အချိန်တန်ပြီ ပူးပေါင်း၍ထတော့မန္တလေး” နဲ့ “ဖားကန့်အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် ရှိန်မြှင့်ကြ” စာသား ဗီနိုင်းကို ချိတ်ဆွဲကာ တော်လှန်ရေးအင်အားစုတွေက ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြပါတယ်။

read more

ရန်ကုန်၊ အောက်တိုဘာ (၇) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်က အ.ထ.က (၅) ဒဂုံမြို့သစ်(မြောက်ပိုင်း) ကျောင်းရှေ့မှာ ပိုးဖလံမျိုး မီးကိုတိုး” စာသားပါ Banner ကို ချိတ်ဆွဲကာ ဆေးနီဖြန်းတာနဲ့ တော်လှန်ရေးစာသားပါ စာရွက်တွေကို ကျဲတာတွေ ဒီနေ့မှာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ပြုလုပ်ခဲ့ကြပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၉) ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ လာရောက်တာကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက် လုပ်ဆောင်ခဲ့တဲ့ ပေကျင်းရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုက သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ပြီးသွားပါပြီ။ ဒါပေမဲ့ နောက်တစ်နေ့မှာ စစ်ရေးလေ့ကျင့်မှု အသစ်ကို တရုတ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၈) ပြည်သူတွေရဲ့ နှမ်းခင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ MOD အနောက်ပိုင်းတိုင်း၊ တပ်မဟာ (၇)၊ တပ်ရင်း (၇၀၁) က ရဲဘော်တချို့က နှမ်းရိတ်၊ နှမ်းခုတ် ကူညီပေးနေတဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ “ပြည်သူနဲ့ PDF ဆိုတာ ရေနဲ့ငါးလိုပါပဲ။ ရေမရှိဘဲ ငါးတွေအသက်မရှင်နိုင်သလို ပြည်သူတွေမရှိဘဲ PDF ဆိုတာလဲ ဖြစ်မလာနိုင်ပါဘူး။ PDF ဆိုတာ ပြည်သူတွေလိုအပ်နေချိန်မှာ ပြည်သူကိုကာကွယ်ဖို့ ကူညီဖို့ အမြဲအဆင်သင့်ပါ။” လို့ သူတို့ အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၂) စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗိုလ်မိုးကြိုးအဖွဲ့ဟာ ကိုယ်တိုင်လုပ်ထားတဲ့ မိုင်းတွေကို ဒီနေ့ မနက်ပိုင်းမှာ လူမှုကွန်ယက်ကတစ်ဆင့် ပြည်သူတွေကို ပြသခဲ့ပါတယ်။ “ဗိုလ်မိုးကြိုးအဖွဲ့ လက်ရာရှေ့ထွက်မိုင်း ရှယ်ကျွေးမှာ” လို့လည်း ရေးသားထားပါတယ်။

read more

ရန်ကုန်မြို့က ကုန်းကျော်တံတားတစ်ခုပေါ်မှာ ဒီနေ့မနက်ပိုင်းက “သေဒဏ်ပေးလျှင် မုချလက်တုန့်ပြန်မည်” ဆိုတဲ့ စာသားချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇွန် (၇) စစ်ကောင်စီက မကွေးတိုင်းဒေသကြီး၊ ယောဒေသ၊ စင်းစယ်ကျေးရွာ ကို ဒုတိယအကြမိမ်မြောက် လာရောက်ပြီး လူနေအိမ် (၁၂) လုံးကို မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု က ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

read more

ရန်ကုန်၊ မေ(၁) ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက စုပေါင်းပြီး “တပ်ပျက်နေပြီ ဟေ့” ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုံကိုမြေမှာချနင်းကာ ဒီနေ့မနက်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

read more