ရန်ကုန်၊ သြဂုတ် (၈) ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာသယ် ရေယာဉ် ကို မုဌောနဲ့ ချိုင် ကြားက ပွတ်လုံးဒေသကို အရောက်မှာ PDF အဖွဲ့ (၁၅) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ “စခ (၅) ကောင်ဒဏ်ရာ ရရှိကာ အသေအပျောက် အတိအကျမသိရပေ။ ရေယာဉ် တစီးအင်ဂျင်စက် ချို့ယွင်းခဲ့” တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို သူတို့က ထုတ်ပြန်ချက်မှာ ပြန်လည် ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကို သြဂုတ်လ (၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး “ပြည်သူများ ပို့သသော မေတ္တာများဖြင့် ရဲဘော်များ အားလုံး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့” တယ်လို့ ပြောပါတယ်။ Video- CGYDF

read more

ရန်ကုန်၊သြဂုတ်(၇) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ် မိုင်းရှာထွက်လာချိန် မိုင်းပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ စစ်သား (၄) ဦးသေဆုံးခဲ့တယ်လို့ Brave Heart Army – BHA ဆီ က သိရပါတယ်။ မနေ့ သြဂုတ်လ(၆)ရက်နေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်သား(၄) ဦးသေဆုံးခဲ့သလို ဒဏ်ရာရှိသူတွေလည်း ရှိခဲ့ပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၆) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်နဲ့ မြင်းမူဒေသ နယ်စပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက သြဂုတ်လ (၄) ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို Zayar7 Sagaing ARA လူမှုကွန်ယက်ကတစ်ဆင့် ဖော်ပြခဲ့ပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၂၈) ဖက်ဆစ်စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့လို့ ကြွေလွင့်ခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေ ကျဆုံးတာ တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ Video-ပေးပို့

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၂၇) စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်း ခိုအောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဒီနေ့မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံဘောလုံးကွင်း အနီးမှာ ဖေဖော်ဝါရီလ (၂၄) ရက် ညနေ (၆) နာရီကျော်က စစ်ကောင်စီကား ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ရုပ်သံ

read more

ရန်ကုန်မြို့ တော်လှန်ရေးလူငယ်တစ်ဦးက “ဒူးမထောက် လက်မမြှောက်ဘူး၊ မင်းတို့ လုပ်မဲ့ ပြည်ထောင်စုနေ့ ငါတို့မကြည့်ပါ မအလ မင်းအောင်လှိုင်၊ မင်းအောင်လှိုင် မအလ လုံးဝအုပ်ချုပ်ခွင့်မရစေရ အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံ အောင်ရမည်” ဆိုပြီး ဒီနေ့မှာ တီဗီကိုခွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

read more

တော်လှန်ရေးလူငယ်တစ်စုက ဒီနေ့ မနက်အစောပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာနယ်မြို့နယ်၊ ခေါင်းသုံးလုံးမှတ်တိုင်မှာ (မအလ မင်းအောင်လှိုင်) ဆိုပြီး စာရွက်ကြဲ ဆေးမှုတ်ခဲ့တဲ့ ရုပ်သံဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၆) ကရင်နီပြည်နယ် (ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံရွာ နဲ့ လွိုင်ကော်မြို့နယ်၊ မိုင်းလုံရပ်ကွက် ဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ အသုံးပြုပြီး ဒီနေ့ ညနေ (၅) နာရီခွဲ က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူတချို့ ထိခိုက်၊ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူ တွေက ပြောပါတယ်။ “ရှေ့အပတ်ကတော့ ကြိုတင်သတင်းရတော့ ပြည်သူတွေကြိုရှောင်တော့ ထိခိုက်မူမရှိဘူးဗျ။ အခုက ရုတ်တစ်ရက် လေယာဉ် နဲ့ လာပြီး ဗုံးကြဲချလိုက်တော့ စစ်ဘေးရှောင်အပြစ်မဲ့ ပြည်သူတွေ အတော်များများထိတယ်ဗျ။ ခုလက်ရှိတော့ (၃) ယောက် ထိထားတယ်။ အတိကျတော့ မသိရသေးဘူး။ ခုထိလေယာဉ်တွေနဲ့ ကြဲနေလို့ အခြေနေတွေက မတည်ငြိမ်လို့ သေချာမသိရသေးဘူးဗျ။ အခုလက်ရှိက မီးတွေပျက်ပြီး လိုင်းတွေဖြတ်ထားလို့…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်းရပ်ကွက် မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံး အတွင်းကို မနေ့ မနက်အစောပိုင်းက မီးပုလင်းပစ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “မနက်အစောကြီး ရုံးထဲကို ပစ်ထည့်သွားတာဆိုတော့ ဒီဘက်မှာနေတဲ့သူတွေ ဘယ်သူတော့ မသိလိုက်ဘူး မီးပုလင်းပစ်ထည့်လိုက်ပြီး ခဏနေတော့ ရုံးထဲက လူတွေထွက်လာပြီး မီးဝိုင်းသတ်လိုက်တယ်လို့တော့ကြားတယ်” လို့ ကင်မလင်းကျွန်းရပ်ကွက် နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မီးပုလင်းပစ်ခတ်မှုကို ဧရာဝတီဒေသခံကာကွယ်ရေးတပ်ဖွဲ့ က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကို လက်နှက်ဖိုး၊ ကျည်ဆံဖိုးတွေ ရှာဖွေ ထောက်ပံ့ပေးနေတဲ့အတွက် အခုလိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Irrawaddy Local Defense Force အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ မည့်သည့်ထောက်တိုက်ကိုမဆို ရှင်းလင်းဖယ်ရှားသွားမှာ ဖြစ်တယ်လို့…

read more