ရန်ကုန်၊ ဖေဖော်ဝါရီ (၂၃) စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုနဲ့ ခုခံမှုပေါ်မူတည်ပြီး မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ကပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၃) လာမယ့် ၂၀၂၅ မှာ လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်ရေး ပေါက်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ PSLF/TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ကပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄) မကွေးတိုင်းဒေသကြီး၊ မြိုင်​မြို့နယ်၊ သရက်ကန်ပျုရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကို မနေ့က တိုက်ခိုက်ခဲ့လို့ ပျူစောထီး နှစ်ယောက်နေရာမှာ သေဆုံးခဲ့ပြီး (၅) ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Young Force – UG ကပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၃) ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းက စစ်ကောင်စီရဲ့ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၃) စစ်ကောင်စီတပ်တွေ ထွက်ပြေးချိန်မှာ ကျန်ရှိခဲ့တဲ့ လက်နက်၊ ခဲယမ်းတွေကို မည်သူမဆို လာရောက်အပ်နှံပါက ဆုကြေးငွေ ချက်ချင်းပေးမယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) ရခိုင်ပြည်နယ်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၃၇၇) နဲ့ ခမရ (၃၇၈) တပ်တွေဆီက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေနဲ့ ခဲယမ်းတွေကို ရက္ခိုင့်တပ်တော် AA က ဒီနေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) အာဏာသိမ်း (၃) နှစ်ကျော် ကာလအတွင်း နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ ပြည်သူလူထုရဲ့ မျက်ရည်တွေကို ဆင်ခြေတွေနဲ့ နှစ်သိမ့်ပေးတာမျိုး လုံးဝ လုပ်လို့ မရဘူးလို့ တော်လှန်ရေးဦးဆောင်သူနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မင်းလှဆည် ရှင်းလင်းဆောင်စခန်း ကို ဝင်ရောက်တိုက်ခိုက်ချိန် ဒဏ်ရာတွေနဲ့ ဒုတပ်ကြပ် ဇင်အောင် ဒီနေ့မနက် (၆) နာရီမှာ ဖမ်းဆီးရမိခဲ့ပြီး (၈) နာရီမှာ သေဆုံးသွားလို့ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဆီကသိရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) ညီနောင်မဟာမိတ်နဲ့ ဝန်းရံတိုက်ပွဲဝင်နိုင်တာဟာ မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြတာဖြစ်ပြီး အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖို့ မလျှော့တဲ့ဇွဲ၊ ပျက်ပျယ်တာမရှိတဲ့ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ မဟာမိတ်အကြား နားလည်မှုရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ကပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၉) စစ်တပ်က အာဏာသိမ်းပြီးနောက် (၃) နှစ် ကျော် ကာလအတွင်း အကြီးမားဆုံး ဆုံးရှုံးမှုဟာ ပြည်သူတွေရဲ့ အသက်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

read more