ရန်ကုန်၊ဒီဇင်ဘာ(၁) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေလို့ ဒီနေ့မနက်က စစ်ကောင်စီရုံးတွေ မီးလောင်ပျက်စီးခဲ့ပြီး နှစ်ဖက်ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာမှာ ပုန်းအောင်းနေရတယ်လို့ သိရပါတယ်။
read moreရခိုင်၊ ဒီဇင်ဘာ(၁) စစ်ကောင်စီက ရခိုင်ပြည်နယ်ကို နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ကုန်းလမ်း၊ ရေကြောင်းလမ်းတွေ ပိတ်ဆို့ထားလို့ မကြာခင်ကာလမှာ ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
read moreရန်ကုန်၊ နိုဝင်ဘာ (၃၀) စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လေကြောင်း ဒရုန်း၊ တိုက်လေယာဉ်တွေနဲ့ အချိန်မရွေးတိုက်ခိုက်နေလို့ လက်နက်အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ လိုက်နာရမယ့် အချက်တွေကို အေအေက ဒီနေ့မှာ အသိပေးပြောကြားပါတယ်။
read moreရန်ကုန်၊နိုဝင်ဘာ(၃၀) မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့နိုင်ငံဖြစ်ပါတယ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူကတောင်းဆိုတဲ့အတွက် တပ်မတော်က ဖော်ဆောင်ပေးနေတာ ဖြစ်တယ်ပြီး အခုမှ လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။ မနေ့က နေပြည်တော်မှာ လုပ်တဲ့ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ သူကပြောကြားခဲ့တာပါ။
read moreရန်ကုန်၊နိုဝင်ဘာ(၃၀) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို လေးရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က(နိုဝင်ဘာ၂၉) ရက်မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ Chinland Defence Force – Zotung – CDF- Zotung ဆီကသိရပါတယ်။
read moreရန်ကုန်၊နိုဝင်ဘာ(၃၀) ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင် ဒကစလက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းက စစ်သား(၂၀၀) နဲ့မိသားစုဝင်တွေ အစုလိုက်အပြုံလိုက် အလံဖြူထောင် အလင်းဝင်ခဲ့တယ်လို့ MNDAA သတင်းနဲ့ပြန်ကြားရေးဆီက သိရပါတယ်။
read moreရန်ကုန်၊ နိုဝင်ဘာ (၃၀) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ စာသင်ကျောင်းအများစု ပိတ်ထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပေမယ့် ပုံမှန်အတိုင်း ကျောင်းပြန်တက်ဖို့ အခြေခံပညာရေး၀န်ထမ်း ဆရာ၊ ဆရာမတွေကို ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန် ကဖိအားပေးနေပါတယ်။
read moreရန်ကုန်၊နိုဝင်ဘာ(၁၉) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်နှစ်ခွစခန်းကို စစ်ကူပေးဖို့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ BGF ပူးပေါင်းအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က စစ်ဗိုလ်အပါအဝင် (၁၁)ယောက်သေပြီး (၄)ယောက်အရှင် ဖမ်းမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်း ဆီကသိရပါတယ်။
read moreရန်ကုန်၊နိုဝင်ဘာ(၁၀) ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ ၁၀၂၇စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေပြီး ကွမ်းလုံမြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ နိုဝင်ဘာ(၉) ရက်စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
read moreရန်ကုန်၊နိုဝင်ဘာ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅၀) သေ၊ (၂၁)ယောက် လက်နက်ချခဲ့သလို PDF ရဲဘော် (၃)ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်