ရန်ကုန်၊ဒီဇင်ဘာ(၁) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်းမှာ အနုကြမ်းစီး ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မနေ့ နိုဝင်ဘာ(၃၀)ရက်နေ့မှာလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က Pro7 Mobile Second Shop ဖုန်းအရောင်းဆိုင်ကို ဓားမြတိုက်ပြီး ဖုန်းအလုံး(၄၀)ကျော် လုယူမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ်က ကျောင်းသား (၇) ဦး ကို စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပုဒ်မ ၃၀၂ (က) အရ သေဒဏ်ချမှတ်ခဲ့ပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၃၀) ပြည်တွင်းက ပြည်သူတွေနဲ့ နယ်စပ်ဒေသတွေမှာ တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ အခုလို ဒုက္ခမျိုးစုံ ခံစားနေရတာ စစ်ကောင်စီကြောင့် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မှတ်ချက်ပြုပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၂၇) တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်တွေရဲ့ ဈာပနမြင်ကွင်း ဖြစ်ပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၂၅) ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကနောင်ရဲစခန်း ကို လက်လုပ်ဗုံးသီးပစ်လောင်ချာ (၅) ချက်၊ လက်လုပ်ဗုံး (၂) လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု (၁၀) မိနစ်ဝန်းကျင် ဖြစ်ခဲ့တယ်လို့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့ က ပြောပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၂၅) တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေသလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ မတရား၊ ဖမ်းဆီး၊ ညှင်းပန်း၊ သတ်ဖြတ်တာတွေ ခံနေရာတာဖြစ်တာမို့ “တနိုင်ငံလုံး အကျဉ်းကျနေတယ်လို့ ယူဆပါတယ်။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ(၁၄) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ မြို့မဈေး အနီးမှာရှိတဲ့ သစ်ဆန်းယဉ်ရွှေဆိုင် ကို မနေ့ (နိုဝင်ဘာ(၁၃)) ရက်နေ့မှာ မျက်နှာအုပ်ထားသူတစ်ဦးက ဓားပြတိုက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆိုင်ရှင်သားဖြစ်သူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ(၁၁) စာရေးဆရာ အကြည်တော် ရဲ့ ဈာပနာကို ဒီနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အကြည်တော် (ခ) စောကြည်ဖြူ ဟာ နိုဝင်ဘာ (၉) ရက်နေ့ ညပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အသက် (၅၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စာရေးဆရာ အကြည်တော် ဟာ လွန်ခဲ့တဲ့လပိုင်းက ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသမှု ခံယူခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၆) “နိုင်ငံတကာကို အားမကိုးနဲ့ လူထုလွတ်မြောက်ရေးအတွက်၊ ကိုယ်တိုင်တိုက်ယူကြ” ဆိုတဲ့ စာသားကို ကိုင်ဆွဲကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တော်လှန်ရေးအင်အားစုတွေက ဒီနေ့မှာ အရုဏ်ဦး သပိတ်စစ်ကြောင်း ပြုလုပ်ပြီး စစ်အာဏာရှင်ကို လက်မခံကြောင်း ပြသခဲ့ပါတယ်။

read more