ရန်ကုန်၊ သြဂုတ် (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်ထဲမှာရှိတဲ့ တန့်ဆည်မြို့မှာ Taze Unnamed Squad နဲ့ စစ်ကောင်စီတပ်တွေကြား မနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇) ဦး သေဆုံးခဲ့ကာ လက်နက် (၆) လက်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၈) ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ကို ဇေယျာသော်စစ်ဆင်ရေးအဖြစ် ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ဆီက သိရပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၈) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့ညပိုင်းက ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၈) ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာသယ် ရေယာဉ် ကို မုဌောနဲ့ ချိုင် ကြားက ပွတ်လုံးဒေသကို အရောက်မှာ PDF အဖွဲ့ (၁၅) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ “စခ (၅) ကောင်ဒဏ်ရာ ရရှိကာ အသေအပျောက် အတိအကျမသိရပေ။ ရေယာဉ် တစီးအင်ဂျင်စက် ချို့ယွင်းခဲ့” တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို သူတို့က ထုတ်ပြန်ချက်မှာ ပြန်လည် ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကို သြဂုတ်လ (၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး “ပြည်သူများ ပို့သသော မေတ္တာများဖြင့် ရဲဘော်များ အားလုံး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့” တယ်လို့ ပြောပါတယ်။ Video- CGYDF

read more

ရန်ကုန်၊သြဂုတ်(၇) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ် မိုင်းရှာထွက်လာချိန် မိုင်းပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ စစ်သား (၄) ဦးသေဆုံးခဲ့တယ်လို့ Brave Heart Army – BHA ဆီ က သိရပါတယ်။ မနေ့ သြဂုတ်လ(၆)ရက်နေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်သား(၄) ဦးသေဆုံးခဲ့သလို ဒဏ်ရာရှိသူတွေလည်း ရှိခဲ့ပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၇) မုံရွာခရိုင်တပ်ရင်း ၅ – Aung San Force က လက်နက်ကြီး စမ်းသပ်မှု အောင်မြင်တယ်လို့ ဒီနေ့ ညနေပိုင်းမှာ လူမှုကွန်ယက်ကတစ်ဆင့် အသိပေး ပြောကြားခဲ့ပါတယ်။

read more

ရန်ကုန်၊သြဂုတ်(၇) ကွမ်းယာရောင်းရင်း PDF နဲ့ CDM ဖမ်းဆီးဖို့ အမြဲပြောဆိုနေတဲ့ ပျူစောထီးအဖွဲ့ဝင် ဆိုတဲ့ မသန္တာ ကို မနေ့ညနေပိုင်းမှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၇) (၃) ရက်အတွင်း တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်းမှူး အပါအဝင် (၃၆) ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၇) ဒဿ Monywa PDF ပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿ မိုင်းမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ “အလေးနီပြုပါတယ် ဗိုလ်ဒဿရယ် ကောင်းရာသုဂတိသို့ရောက်ပါစေ ဆရာဒဿ ရေ…အရေးတော်ပုံအောင်ပီ၊ အရေးတော်ပုံအောင်ပီ၊ အရေးတော်ပုံအောင်ပီ နောင်ဘဝရောက်ရင် မျက်နှာစုတ်ပျက်တဲ့ဘဝနဲ့ မသေပါစေနဲ့ ဆရာဒဿရယ်” လို့ သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၇) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင် နဲ့ ဇနီးဖြစ်သူ ဒေါ်သီသီအေး တို့ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

read more