ရန်ကုန်၊ ဇန်နဝါရီ(၁၄) တစ်နိုင်ငံလုံး အတိုင်းအတာအနေ နဲ့ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ငြိမ်းချမ်းရေးမရရှိပါက မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲပြုလုပ်နိုင် မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲအစည်း အားလုံး ဥပဒေ နဲ့ အညီ ပါဝင်လာမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်တယ်၊ အခုနှစ် ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးရရှိစေဖို့ အထူးအလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မနေ့က တနင်္သာရီတိုင်းဒေသကြီး အစည်းအဝေးပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း…

read more

ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်စုံ နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် ဆီ အလင်းဝင် ရန်ကုန်၊ ဇန်နဝါရီ (၁၄) ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်အစုံ နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဆီ ကို လာရောက် အလင်းဝင် ခဲ့တယ်လို့ သိရပါတယ်။ အလင်းဝင်လာခဲ့တဲ့ တပ်သား ဇင်လင်းအောင်၊ ကိုယ်ပိုင်အမှတ် တ-၅၄၂၁၂၁ ဟာ အကြမ်းဖက်စစ်ကောင်စီ အပေါ် နာကျည်းချက်များစွာ ရှိနေခဲ့တဲ့အတွက် ပြည်သူ နဲ့ အတူ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။ ပြည်သူ့ဆီ အလင်းဝင် ခဲ့တဲ့ တပ်သား ကို ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ပြီး ဖြစ်သလို လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်ပြီလို့ CNO/CNDF က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်…

read more

ရန်ကုန်၊ ဇန်နဝါရီ(၁၄) အကြမ်းဖက်စစ်တပ် က ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ် ဝန်းကျင် ကို လက်နက်ကြီး ပစ်ကူတွေ နဲ့ ပစ်ခတ်ထိုးစစ်ဆင် တိုက်ခိုက်နေတာ တစ်လနီးပါးကြာမြှင့်လာပြီဖြစ်သလို မြန်မာစစ်တပ် ရဲ့ ပစ်ခတ်မှု တွေဟာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း ကို ကျော်ဖြတ် ကျရောက်လာတဲ့အတွက် ထိုင်းအစိုးရ က နယ်စပ်လုံခြုံရေး ကို တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အကြမ်းဖက် မြန်မာစစ်တပ် က မြဝတီမြို့ တောင်ဘက် ဖလူးကျေးရွာ ကို ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ် တွေဟာ ထိုင်းနိုင်ငံ ပိုင် မဲကိုကင်းရွာ ဘက် ကို မကြာခဏကျရောက်နေတဲ့အတွက် အခုလိုသတိပေးပစ်ခတ်တာတွေနဲ့ နယ်စပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ မှာ ဆက်ကြေးလိုက်တောင်းနေတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ နယ်ထိန်းရဲ တစ်ဦး ကို သုတ်သင်ရှင်းခဲ့တယ်လို့ PYP-MDY က ပြောပါတယ်။ နယ်ထိန်းရဲ သန်းတိုးအောင် ကို ဇန်နဝါရီ (၁၂) ရက် နေ့လည် (၁၂) နာရီကျော် က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ Poisonous Young People – MDY အဖွဲ့ ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သန်းတိုးအောင် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ဆားတောင်မြို့ အနီးမှာရှိတဲ့ PDF ယာယီစခန်း ကို အကြမ်းဖက်စစ်အုပ်စု နဲ့အတူ လူနာတင်ကား အသုံးပြုပြီး စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့ သူတွေထဲမှာ…

read more

“ရဲ CDM ဝန်ထမ်းက စုစုပေါင်း (၄) ဦးရှိတယ်။ အဲ့ဒီထဲမှာ စခန်းမှူးတစ်ယောက်၊ ဗိုလ်လေး(ဒုရဲအုပ်)တစ်ယောက်၊ ရဲတပ်သား (၂) ဦး ပါတယ်။ မီးသတ် CDM ဝန်ထမ်းတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ဘက်မှာတော့ စစ်သား CDM ဆိုပြီး ဝင်လာတာတော့မရှိသေးဘူး။ တပ်နယ်မြေမဟုတ်တဲ့ အခါကြတော့ ရဲနဲ့ မီးသတ်နဲ့ကပဲ ကျွန်တော်တို့ဆီကို ဝင်လာပြီးတော့ အတူတကွပေါင်းပြီး တိုက်ပေးနေပါတယ်” လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ရဲ့ တာဝန်ခံ ကိုမင်းခေါင်က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်ရပ်ကွက် နဲ့ မိုင်းလုံးရပ်ကွက် မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သေဆုံးခဲ့ပြီး ကောက်ယူ သင်္ဂြိုလ်ပေးမယ့်သူ မရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပူးပေါင်းတပ် တွေက လူ့ဂုဏ်သိက္ခာနဲ့အညီ မီးရှို့သင်္ဂြိုလ်ပေးခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကယားပြည်နယ် အတွင်းက မြို့နယ် တချို့မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေးတပ် တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ညမထွက်ရအမိန့် (Curfew) သတ်မှတ်ထားတဲ့ နယ်မြေဒေသ တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ်လူနာ သွားလာရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလာလို့ရအောင် လူနာပါရှိတဲ့ ကားပေါ်မှာ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါရှိပါက ညဘက်အပြင်သွားလာခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ “ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး ညမထွက်ရမြို့ တွေကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတား ဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်က၊ ဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲ့တော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာ ရေး…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၃) အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေက ချင်းပြည်နယ်အတွင်း သူတို့တပ်ဖွဲ့တွေ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်မှာ CDF-Mindat အဖွဲ့တွေ ကြားဖျက်တိုက်ခိုက်မှာ ကြောက်ရွံ့တဲ့အတွက် လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ “သူတို့စစ်ကြောင်းလာတဲ့ လမ်းတစ်လျှောက် ဘေးနားဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ပြီး ချီတက်လာကြတာ၊ လူနေအိမ်တွေ အဆောက်အဦးတွေ ထိတယ်၊ ထိခိုက်ဒဏ်ရာရတာ နဲ့ သေဆုံးတာတွေရှိနိုင်တယ်၊ စာရင်းတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ရဲ့ သံချပ်ကား (၂) စီးပါဝင်တဲ့ စစ်ကား (၈၃) စီးဟာ မင်းတပ်မြို့ ကနေ မတူပီမြို့ ကို ချီတက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာ ကနေ သရက်တောကျေးရွာ ကို ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို (၄) နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ DRPA ကပြောပါတယ်။ မိုင်းခွဲတိုက်ခိုက် တာကို မနေ့ညပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ DRPA က ထုတ်ပြန်ထားပါတယ်။ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)၊ တပ်မဟာ (၁) လက်အောက်ခံတပ်ဖွဲ့ ကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ကျောက်လုံးကြီး PDF က လက်နက်ခဲယမ်းတွေ အကူအညီပေးခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံတပ်သား တွေကို အချိန်မရွေး၊ နေရာမရွေး တွန်းလှန်တိုက်ခိုက်တာတွေကို တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်းပြီး အရှိန်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ DRPA ကပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ ကို ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် တွေ လေယာဉ် (၂) စင်း နဲ့ ထပ်မံလာရောက် ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အတည်ပြုပြောကြားခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက် ခံရလို့ ပြည်သူ (၃) ဦး ထည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး (၅) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ် မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေး တပ်တွေ၊ ဒေသခံကာကွယ်ရေးတပ် တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

read more