ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်စုံ နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် ဆီ အလင်းဝင် ရန်ကုန်၊ ဇန်နဝါရီ (၁၄) ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်အစုံ နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဆီ ကို လာရောက် အလင်းဝင် ခဲ့တယ်လို့ သိရပါတယ်။ အလင်းဝင်လာခဲ့တဲ့ တပ်သား ဇင်လင်းအောင်၊ ကိုယ်ပိုင်အမှတ် တ-၅၄၂၁၂၁ ဟာ အကြမ်းဖက်စစ်ကောင်စီ အပေါ် နာကျည်းချက်များစွာ ရှိနေခဲ့တဲ့အတွက် ပြည်သူ နဲ့ အတူ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။ ပြည်သူ့ဆီ အလင်းဝင် ခဲ့တဲ့ တပ်သား ကို ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ပြီး ဖြစ်သလို လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်ပြီလို့ CNO/CNDF က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်…
read moreရန်ကုန်၊ ဇန်နဝါရီ(၁၄) အကြမ်းဖက်စစ်တပ် က ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ် ဝန်းကျင် ကို လက်နက်ကြီး ပစ်ကူတွေ နဲ့ ပစ်ခတ်ထိုးစစ်ဆင် တိုက်ခိုက်နေတာ တစ်လနီးပါးကြာမြှင့်လာပြီဖြစ်သလို မြန်မာစစ်တပ် ရဲ့ ပစ်ခတ်မှု တွေဟာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း ကို ကျော်ဖြတ် ကျရောက်လာတဲ့အတွက် ထိုင်းအစိုးရ က နယ်စပ်လုံခြုံရေး ကို တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အကြမ်းဖက် မြန်မာစစ်တပ် က မြဝတီမြို့ တောင်ဘက် ဖလူးကျေးရွာ ကို ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ် တွေဟာ ထိုင်းနိုင်ငံ ပိုင် မဲကိုကင်းရွာ ဘက် ကို မကြာခဏကျရောက်နေတဲ့အတွက် အခုလိုသတိပေးပစ်ခတ်တာတွေနဲ့ နယ်စပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ်…
read moreရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ မှာ ဆက်ကြေးလိုက်တောင်းနေတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ နယ်ထိန်းရဲ တစ်ဦး ကို သုတ်သင်ရှင်းခဲ့တယ်လို့ PYP-MDY က ပြောပါတယ်။ နယ်ထိန်းရဲ သန်းတိုးအောင် ကို ဇန်နဝါရီ (၁၂) ရက် နေ့လည် (၁၂) နာရီကျော် က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ Poisonous Young People – MDY အဖွဲ့ ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သန်းတိုးအောင် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ဆားတောင်မြို့ အနီးမှာရှိတဲ့ PDF ယာယီစခန်း ကို အကြမ်းဖက်စစ်အုပ်စု နဲ့အတူ လူနာတင်ကား အသုံးပြုပြီး စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့ သူတွေထဲမှာ…
read more“ရဲ CDM ဝန်ထမ်းက စုစုပေါင်း (၄) ဦးရှိတယ်။ အဲ့ဒီထဲမှာ စခန်းမှူးတစ်ယောက်၊ ဗိုလ်လေး(ဒုရဲအုပ်)တစ်ယောက်၊ ရဲတပ်သား (၂) ဦး ပါတယ်။ မီးသတ် CDM ဝန်ထမ်းတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ဘက်မှာတော့ စစ်သား CDM ဆိုပြီး ဝင်လာတာတော့မရှိသေးဘူး။ တပ်နယ်မြေမဟုတ်တဲ့ အခါကြတော့ ရဲနဲ့ မီးသတ်နဲ့ကပဲ ကျွန်တော်တို့ဆီကို ဝင်လာပြီးတော့ အတူတကွပေါင်းပြီး တိုက်ပေးနေပါတယ်” လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ရဲ့ တာဝန်ခံ ကိုမင်းခေါင်က ပြောပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်ရပ်ကွက် နဲ့ မိုင်းလုံးရပ်ကွက် မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သေဆုံးခဲ့ပြီး ကောက်ယူ သင်္ဂြိုလ်ပေးမယ့်သူ မရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပူးပေါင်းတပ် တွေက လူ့ဂုဏ်သိက္ခာနဲ့အညီ မီးရှို့သင်္ဂြိုလ်ပေးခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကယားပြည်နယ် အတွင်းက မြို့နယ် တချို့မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေးတပ် တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီ (၁၃) ညမထွက်ရအမိန့် (Curfew) သတ်မှတ်ထားတဲ့ နယ်မြေဒေသ တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ်လူနာ သွားလာရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလာလို့ရအောင် လူနာပါရှိတဲ့ ကားပေါ်မှာ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါရှိပါက ညဘက်အပြင်သွားလာခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ “ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး ညမထွက်ရမြို့ တွေကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတား ဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်က၊ ဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲ့တော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာ ရေး…
read moreရန်ကုန်၊ဇန်နဝါရီ(၁၃) အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေက ချင်းပြည်နယ်အတွင်း သူတို့တပ်ဖွဲ့တွေ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်မှာ CDF-Mindat အဖွဲ့တွေ ကြားဖျက်တိုက်ခိုက်မှာ ကြောက်ရွံ့တဲ့အတွက် လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ “သူတို့စစ်ကြောင်းလာတဲ့ လမ်းတစ်လျှောက် ဘေးနားဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ပြီး ချီတက်လာကြတာ၊ လူနေအိမ်တွေ အဆောက်အဦးတွေ ထိတယ်၊ ထိခိုက်ဒဏ်ရာရတာ နဲ့ သေဆုံးတာတွေရှိနိုင်တယ်၊ စာရင်းတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ရဲ့ သံချပ်ကား (၂) စီးပါဝင်တဲ့ စစ်ကား (၈၃) စီးဟာ မင်းတပ်မြို့ ကနေ မတူပီမြို့ ကို ချီတက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့…
read moreရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာ ကနေ သရက်တောကျေးရွာ ကို ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို (၄) နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ DRPA ကပြောပါတယ်။ မိုင်းခွဲတိုက်ခိုက် တာကို မနေ့ညပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ DRPA က ထုတ်ပြန်ထားပါတယ်။ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)၊ တပ်မဟာ (၁) လက်အောက်ခံတပ်ဖွဲ့ ကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ကျောက်လုံးကြီး PDF က လက်နက်ခဲယမ်းတွေ အကူအညီပေးခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံတပ်သား တွေကို အချိန်မရွေး၊ နေရာမရွေး တွန်းလှန်တိုက်ခိုက်တာတွေကို တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်းပြီး အရှိန်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ DRPA ကပြောပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီ (၁၃) ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ ကို ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် တွေ လေယာဉ် (၂) စင်း နဲ့ ထပ်မံလာရောက် ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အတည်ပြုပြောကြားခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက် ခံရလို့ ပြည်သူ (၃) ဦး ထည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး (၅) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ် မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေး တပ်တွေ၊ ဒေသခံကာကွယ်ရေးတပ် တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့ အတွင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေက ဂျီနီဗာကွန်ဗန်းရှင်း တွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ တွေအရ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် က ပြောပါတယ်။ KNPP နဲ့ PDF အဖွဲ့တွေဟာ အကျဉ်းသား၊ အကျဉ်းသူ ရာဂဏန်းကျော်ရှိနေတဲ့ လွိုင်ကော်အကျဉ်းထောင် ကို ရည်ရွယ်ချက်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းတွေ နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ တွေအရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဲ့ဒီ စစ်ရာဇဝတ်မှု တွေအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နဲ့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေ နဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ကို ဆက်လက် ဆောင်ရွက်သွားမှာ…
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်