ရန်ကုန်၊ဇန်နဝါရီ(၁) နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့ နဲ့ စားရေရိက္ခာဖူလုံစေဖို့အတွက် ကျွန်တော်တို့အစိုးရ အနေနဲ့ တိုင်းရင်းသားပြည်သူတွေအတူ တစ်စိတ်တစ်ဝမ်းထဲ တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် “ညီညာမှ ပြည်သာမည်” ဖြစ်လို့ ကျွန်တော်တို့ရဲ့ စုစည်းအား နဲ့ တိုင်းပြည်သာယာဝပြောရေး ဝိုင်းဝန်း တည်ဆောက်ကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်သလို လာမယ့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အခုနှစ်ဟာ စိန်ရတု အကြိုကာလ ဖြစ်တယ်လို့ သူက ပြောပါတယ်။…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) ပြီးခဲ့တဲ့အတိတ်က ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို တရားမျှတမှုနှင့် အစားထိုးဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ပြည်သူလူထုရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ နွေဦးတော်လှန်ရေးစိတ်ဓာတ်တွေကို ၂၀၂၂ ခုနှစ် မှာ ဆက်လက်ပြီးတော့ အောင်ပွဲရတဲ့အထိ သယ်ဆောင်သွားဖို့ လိုအပ်သလို ဒီထက်ပိုမိုပြီးတော့ တိုးတက်ဖို့အတွက် စည်းစည်းလုံးလုံး နဲ့ တစ်ယောက်ကို တစ်ယောက် ပူးပေါင်းဆောင်ရွက်မှု နဲ့ လုပ်ဆောင်သွားရင်းနဲ့ အောင်ပွဲရတဲ့အထိ ဆောင်ကျဉ်းသွားကြပါဖို့ ကို သူက ဒီနေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်သူလူထုအနေ နဲ့ ဆိုးရွားလှတဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်မှုတွေကို ခါးသီးစွာ ခံစားခဲ့ရတဲ့ နှစ်တွေဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဟာ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည် တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃၀) နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးဌာန ဆီက သိရပါတယ်။ ငွေတောင်ဆည် အနီးက မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကြား မနေ့ မနက် (၈) နာရီကျော်ကနေ ညနေ (၆) နာရီကျော်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA ဘက်က ရဲဘော်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့တယ်လို့ KNDF က ပြောပါတယ်။ မနေ့က ဖရူဆိုမြို့နယ်၊ ထီသော်တနီးကျေးရွာ နဲ့ လောတောတနောရွာ အနီးမှာလည်း အကြမ်းဖက်စစ်ကောင်တပ်တွေနဲ့ ကရင်နီတပ်မတော် KA တို့ကြား…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) မြန်မာနိုင်ငံက အကြမ်းဖက် စစ်ဓားပြအုပ်စုရဲ့ လူမဆန် ရက်စက်၊ ယုတ်မာမှုတွေဟာ မကြာမီ နိဂုံးချုပ်တော့မှာ ဖြစ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း က ပြောပါတယ်။ “ပြည်သူလူထုတရပ်လုံးရဲ့ ခုခံဆန့်ကျင်မှုတိုက်ပွဲတွေ၊ မျိုးဆက်သစ်လူငယ်တွေရဲ့ ပြည်သူလူထုကို ကာကွယ်တဲ့ တော်လှန်စစ်ပွဲတွေရဲ့အောင်ပွဲတွေဟာတနေ့ နဲ့ တနေ့ အထွဋ်အထိပ်ကို တက်လှမ်းလို့လာနေပြီ ဆိုတာ ကျနော်တို့အားလုံး ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပြီ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ NUG အစိုးရရဲ့ နိုင်ငံတကာမျက်နှာစာကို ထိုးဖောက်နိုင်မှု စွမ်းအား၊ စစ်ကောင်စီ ကို အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲစီမံချက် အကောင်အထည်ဖေါ်မှုတွေဟာ အခုလာမယ့် နှစ်သစ်ရဲ့ စာမျက်နှစ်သစ်ပေါ်မှာ သမိုင်းကဗျည်းတင်ပြီး၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူတရပ်လုံး နဲ့ အတူ (၂၀၂၂) ခုနှစ်မှာ…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၃၁) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း မှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို အမည်မသိသူနှစ်ဦးက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “မနက်ကရပ်ကွက်ရုံးရှေ့မှာ ကွမ်းယာဝယ်တုန်းအပစ်ခံရတာ၊ လေးငါးချက်လောက်ထိတယ်၊ သူ့ဦးလေးလည်းထိတယ်၊ အုပ်ကြီးဆိုတဲ့ကောင်က ဆေးရုံပို့ပြီး နေ့လည်ပိုင်းလောက်မှာ သေတယ်လို့ သိရတယ်” လို့ အမည်မဖော်လို့တဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်(၈) နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို ဘက်ထရီစက်ဘီးစီးလာသူ နှစ်ဦးကပစ်ခတ်ခဲ့တဲ့အတွက် ဝမ်းဗိုက်နဲ့ ယာပေါင်မှာ ကျည်ထိမှန်ခဲ့ပြီးနောက် ဆေးရုံကိုပို့ဆောင် ဆေးကုသပေးနေချိန် ဒီနေ့နေ့လည်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက ကော့မှူးမြို့နယ်၊ ကျိုက်ထောက်ကျေးရွာက ရာအိမ်မှူး (၂) ဦး နဲ့ လှိုင်မြို့၊…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) တောင်စွန်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။ “အာဏာသိမ်း စစ်ကောင်စီတပ်က အကြောင်းမကြားပဲနဲ့ တောင်းစွန်းကျေးရွာ အပြင်ဘက်ကို ထွက်သွားတာ။ ရွာရဲ့ ချောင်းတစ်ဖက်ကမ်း ဖူးဖာဒို့ နတ်စင်မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ တိုက်ပွဲဖြစ်တာ၊ (၅)မိနစ် လောက်ပဲ ကြာတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့ မနက် (၈) နာရီကျော်က စစ်ကောင်စီတပ် ခလရ ၂၈၃ တပ်ရင်း နဲ့ KNLA တပ်ရင်း ၁၆ ၊ လက်အောက်ခံ တပ်ခွဲ ၂ တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေ နဲ့…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မိုးကောင်းစစ်ဆေးရေးဂိတ် မှာ ဒီနေ့ နေ့လည်(၂) နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ဗုံးဖောက်ခွဲမှုကို မုံရွာမြို့နယ်က ညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တခြားသောနေရာတွေမှာလည်း ဗုံးဖောက်ခွဲမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ညနေ (၄) နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ Monywa Heroes Group က သတိပေး ပြောကြားထားပါတယ်။ ဒီနေ့ နေ့လည်ပိုင်းကလည်း မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဒီနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အဲ့ဒီဗုံးဖောက်ခွဲမှု နှစ်ကြိမ်စလုံးကို ညီတော်မဟာမိတ်အဖွဲ့တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ Special Regional Attacks Forces-MWA က သူရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။ မုံရွာမြို့က ပြည်သူတွေအနေနဲ့ ဒီနေ့ ညနေ (၄) နာရီက စတင်ပြီး အပြင်မထွက်ဖို့ကိုလည်း Special Regional Attacks Forces-MWA အဖွဲ့က ဒီနေ့ မနက်ပိုင်းက အသိပေးပြောကြားထားပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ အနီး စီးတီးမတ် ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီ ဘက်တော်သား (၄) ဦး ဒီနေ့ နေ့လည်က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “သမိုင်းလမ်းဆုံမီးပွိုင့် City Mart အရှေ့မှာ ဖြစ်သွားတာ၊ ကျနော်စီးလာတဲ့ YBS လိုင်းကားကို သေနတ်နဲ့ လှမ်းပစ်တာခံလိုက်ရတယ်။ ကားကမီးပွိုင့်ထိပ်မှာ ရောက်နေတဲ့အချိန် သူ့တို့ဆီလာ ပစ်တဲ့သူကို လှမ်းပစ်တာ။ သေနတ်အရာ၂ချက်ထိတယ်၊ YBS ကားမှန်စတွေ ကွဲထွက် သွားတယ်၊ ကျွန်တော် အပါအဝင်ကားပေါ်က လူတွေ အားလုံးလန့်သွားကြတယ်” လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာ ပစ်ခတ်ကြောင့် လမ်းသွားလမ်းလာကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။

read more

“နှစ်သစ်ကိုလည်းကြို၊ ဖက်စစ်ကိုလည်းဖြို” ဆိုတဲ့ မန္တလေးမြို့က လူထုသပိတ်စစ်ကြောင်း

read more