ရန်ကုန်၊ ဒီဇင်ဘာ (၂၈) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ဒေသ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်အင်အားတိုးချဲ့နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁) ရက်နေ့ကစတင်ကာ ဒေသခံပြည်တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှုနဲ့ အင်အားတိုးချဲ့မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် မူသယ်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ရေးလှုပ်ရှားတာ နဲ့ စစ်အင်အားတိုးချဲ့တာတွေကို ပြုလုပ်လာတဲ့ တပ်တွေက တပ်ရင်းမှူး ရှမ်းလေးအောင် ဦးဆောင်တဲ့ ခလရ – ၃၅၁ ၊ တပ်ရင်းမှူး စိုးဇော်ထွန်း ဦးဆောင်တဲ့ ခလရ –…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၈) ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ် က ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြားမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ (၁၀၃) ဦး တွေ့ရှိခဲ့ရတယ်လို့လိဂ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီးနောက်မှာ ခရစ်စမတ် နဲ့ နှစ်သစ်ကူး ပွဲတော်ရက်တွေအတွင်းပြုလုပ်မယ့် ပွဲစဉ်တွေကို ရွေ့ဆိုင်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ တနင်္လာနေ့ ကနေ (၂၆) ရက် တနင်္ဂနွေနေ့အထိ ကစားသမားတွေနဲ့ ကလပ်ဝန်ထမ်း စုစုပေါင်း (၁၅,၁၈၆) ဦး ကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မနေ့က အတည်ပြုပြောကြားခဲ့ပြီး အဲဒီအထဲက ရောဂါကူးစက်သူ (၁၀၃) ဦး တွေ့ရှိခဲ့တာဖြစ်တယ် လို့ လိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ မူရင်းသတင်း-https://www.channelnewsasia.com/sport/premier-league-had-record-103-covid-19-cases-past-week-2403236?fbclid=IwAR3T9sLT3TbyF6F5MsZnXpjySwbbxXCwlr73G6qVwtwgSOsnrEyDehSfb_E

read more

ရန်ကုန်၊ဒီဇင်လာ(၂၈) အများပြည်သူ အလုပ်သွားချိန်မှာ စစ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင် စစ်သား တွေက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်တံတား ကို ပိတ်ဆို့စစ်ဆေးနေလို့ ခရီးသွားလာရေးအတွက် အနှောက်အယှက်ဖြစ်ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေ ဆီက သိရပါတယ်။ “မနက်စောစောကတည်းကစစ်နေတာ၊ ကျနော်တို့ဆို တစ်နာရီနီးပါးလောက်ရှိနေပြီ ပိတ်မိနေတာ၊ ဘာရှာမှန်းလည်းမသိဘူး၊ အလုပ်သွားမယ့်သူတွေကို အခက်အခဲဖြစ်အောင်လုပ်နေတာ၊ အလုပ်ဝင်တာနောက်ကျရင်လစာဖြတ်ခံရအုန်းမယ်၊ စနစ်ဆိုးကြီးမှာ နေထိုင်ရတာမလွယ်ပါဘူး” လို့ ရန်ကုန်မြို့လည်ခေါင်မှာ သွားရောက်အလုပ်ဝင်ရမယ့် ပြည်သူတစ်ဦးကပြောပါတယ်။ တံတားပေါ်မှာ ယာဉ်တွေပိတ်ဆို့နေတဲ့အတွက် အချိန်မှီလုပ်ငန်းခွင်ဝင်ဖို့အတွက် မစောင့်ဆိုင်းနိုင်တဲ့ ခရီးသွားပြည်သူတချို့ကတော့ လမ်းဆင်းလျှောက်ပြီး တံတားဖြတ်သန်းသွားလာနေကြရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ ပြောပါတယ်။

read more

“ဒီတော်လှန်ရေးမှာ ကျဆုံးခဲ့ရင် ဒါတွေလုပ်ပေးပါ” ဆိုပြီး တောင်းဆိုလိုက်တဲ့ တောင်ပိုင်းတိုင်း PDF လေးကေ့ကော်တိုက်ပွဲအတွင်းက လူငယ်ရဲဘော်တစ်ဦးရေးတဲ့စာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၅) မြန်မာလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗြိတိသျှသံအမတ်ကြီး Pete Vowles က ဒီနေ့ (ခရစ္စမတ်နေ့) မှာ ပြောကြားလိုက်ပါတယ်။ “ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူအားလုံးနဲ့အတူ ယူကေအစိုးရက ဆက်လက်ရပ်တည်သွားမှာပါ။ ကျူးလွန်မှု‌တွေအတွက် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အခုခရစ္စမတ်ကာလမှာ ပျော်‌ပျော်ရွှင်ရွှင်ဆင်နွှဲရမယ့်အစား စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်‌တွေဖြစ်တဲ့ သေကြေ ပျက်ဆီး ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်နေကြရတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ခရစ္စမတ်ကာလဟာ စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစုဝင်အားလုံးရဲ့ကိုယ်စား အခုအခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့ မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာကာ အခုနှစ်မှာ စစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အလွဲသုံးစားလုပ်ခံ‌နေရတဲ့…

read more

ရန်ကုန်၊ဒီဇင်ဘာ(၂၅) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၇၈) လမ်း နဲ့ (၃၈) လမ်း ထောင့်မှာရှိတဲ့ စစ်တပ်ကခေါင်းဆောင်ပိုင်းတွေ ပိုင်ဆိုင်တဲ့ ရတနာပုံခန်းမ အနီးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဒီနေ့မနက်(၇) နာရီကျော်လောက်ကပေါက်တာ၊ မိန်းခလေးတစ်ယောက် လာပစ်တာလို့သိရတယ် ပစ်ရင်းနဲ့ပေါက်သွားလို့ သူလည်းထိတယ်” လို့ မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ရတနာပုံခန်းမ ဟာ စစ်တပ်ကအာဏာအဓမ္မသိမ်းယူပြီးနောက် မေ (၁၇) ရက်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၄) မြန်မာနိုင်ငံအတွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေက ပြောပါတယ်။ စစ်အာဏာရှင်ရဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မိမိတို့အနေနဲ့ ရှုတ်ချတယ်လို့လည်း ဒီနေ့မှာ ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်တွေအနေနဲ့ ကရင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းမှာ အဆင်အခြင်မဲ့ တိုက်ခိုက်ခံနေတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံဖို့၊ အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သူတို့က မေတ္တာရပ်ခံထားပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၄) ဘုန်းကြီးအတုယောင်တွေဖန်တီးကာ သင်္ကန်းတွေကိုအသုံးချပြီး အကြမ်းဖက်မှုလုပ်ဆောင်နေတာ၊ သာသနိကအဆောက်အဦးတွေအတွင်း တပ်စွဲနေထိုင်တာတွေကို မပြုလုပ်ဖို့ သံဃသမဂ္ဂ-မန္တလေး ဆရာတော်တွေက ဒီနေ့မှာ မိန့်ကြားလိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းထုတ်ပြန်ချက်များအရ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဘုန်းကြီးအတုအယောင်တွေ ဖန်တီးကာ သင်္ကန်းဝတ် နဲ့ အကြမ်းဖက်တာတွေ လုပ်ဆောင်နေတယ်ဆိုတာကို ကြားသိရပြီး နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ် အသုံးချနေတာတွေက မလိုအပ်တဲ့ ဘာသာရေး ပဋိပက္ခတွေကို ဖြစ်ပေါ်လာနိုင်တယ်လို့ ဆရာတော်တွေက မိန့်ကြားထားပါတယ်။ အာဏာသိမ်းစစ်တပ်က ဘုန်းကြီးအတုအယောင်တွေ ဖန်တီးပြီး သင်္ကန်းဝတ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာ၊ စစ်အင်အားဖြန့်ချီတာ၊ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေသလိုဘုန်းကြီးကျောင်းတိုက်တွေ၊ ဓမ္မာရုံတွေ၊ စေတီပရိဝုဏ်တွေ၊ သာသနာ့ဗိမာန်တွေ သာသနာ့နယ်မြေတွေအတွင်းမှာ တပ်စွဲနေထိုင်စားသောက်နေတာဟာ အကြမ်းဖက်မှုတွေ ကျုးလွန်နေကြတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ ဘုန်းကြီးအတုတွေဖန်တီးကာ…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၄) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မှန်တော်ရွာ အကျော်မှာ မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF (Kalay)၊ CDF (KKG) ပူးပေါင်းအဖွဲ့တွေကြား (၃) နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People’s Defence Force(Kalay) အဖွဲ့ဆီက သိရပါတယ်။ (၃) နာရီကျော်ကြား တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပေမယ့် PDF (Kalay)၊ CDF (KKG) ပူးပေါင်းအဖွဲ့ အနေနဲ့ အထိအခိုက်မရှိပဲ တိုက်ပွဲအတွင်းက ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ (၂၃) ရက် တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး (၉၂) ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁၁)…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၄) စစ်ရာဇဝတ်ကောင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်း ဘယ်အခြေအနေမှာ မဆို နှစ်ဘက်တပ်ဖွဲ့တွေ မဖြစ်မနေ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစားနာမှု ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေ့တိုင်းနီးပါး ကလေးတွေနဲ့ သက်ကြီးတွေကိုပါမချန် အပြစ်မရှိတဲ့ ပြည်သူတွေကို မြင်တာနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဥပဒေမဲ့ ထင်ရာခိုင်းနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အနောက်မြောက်ပိုင်းဒေသတွေကို စစ်တပ်က အနော်ရထာစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ကြည်း၊ ရေ၊…

read more