ရန်ကုန်၊ မတ် (၁၇) စစ်ကောင်စီတပ်တွေက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းက နေရာအများစုကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးတွေ အလွန်အကျွံသုံးပြီး တိုက်ခိုက်နေလို့ ပြည်သူ (၇၀၀) ကျော်က အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး က ပြောပါတယ်။
read moreရန်ကုန်၊ မတ် (၆) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တိုက်ပွဲပေါင်း (၂၉၈) ကြိမ်ဖြစ်ပွားခဲ့လို့ အာဏာသိမ်းစစ်ကောင်စီတပ် နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဘက်က (၃၀၅) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ (၂၀၉) ဦး ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။
read moreရန်ကုန်၊ ဒီဇင်ဘာ (၂၈) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ဒေသ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်အင်အားတိုးချဲ့နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁) ရက်နေ့ကစတင်ကာ ဒေသခံပြည်တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှုနဲ့ အင်အားတိုးချဲ့မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် မူသယ်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ရေးလှုပ်ရှားတာ နဲ့ စစ်အင်အားတိုးချဲ့တာတွေကို ပြုလုပ်လာတဲ့ တပ်တွေက တပ်ရင်းမှူး ရှမ်းလေးအောင် ဦးဆောင်တဲ့ ခလရ – ၃၅၁ ၊ တပ်ရင်းမှူး စိုးဇော်ထွန်း ဦးဆောင်တဲ့ ခလရ –…
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်