ရန်ကုန်၊ ဇွန် (၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို မနေ့ ညနေ့က PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့သလို သေနတ်အပါအဝင် စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မှာရှိတဲ့ ညောင်ပင်ကြီးရဲစခန်းကို မုံရွာခရိုင်တပ်ရင်း (၂) က ဦးဆောင်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၁၀) ဦး သေဆုံးသွားခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ သတင်းကို ရရှိထားတဲ့အတွက် အခုလို မုံရွာခရိုင်တပ်ရင်း (၂) နဲ့ ဆားလင်းကြီး GZ Local PDF အဖွဲ့တွေက ဦးဆောင် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူတစ်ဦး နှလုံးရောဂါအမောဖောက်ပြီး ကျဆုံးသွားတာကို ကြားသိရတဲ့အတွက်လည်း မုံရွာခရိုင်တပ်ရင်း (၂) က များစွာ စိတ်မကောင်းဖြစ်ရတယ်လို့လည်း သူတို့အဖွဲ့က ပြောပါတယ်။

read more