ရန်ကုန်၊ ဇန်နဝါရီ (၇) ထိုင်းနိုင်ငံ – ကယားပြည်နယ် နယ်စပ် နန်းပန်ချောင်း အနီးမှာ ရှိတဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်း ဖြစ်တဲ့ နတ်တောင်စခန်း ကို ဒီနေ့ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီတပ်မတော် KA က ပြောပါတယ်။ နတ်တောင်စခန်း သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က အသေအပျောက်များခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအပြီး နာရီဝက်အကြာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် တွေ နဲ့ စစ်ကူ လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က KA ရဲ့ ကာကင်းကုန်း တစ်ခုကို ဗုံးကျဲခဲ့ပေမယ့်လည်း ကရင်နီတပ်မတော်က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

read more