ရန်ကုန်၊ဇူလိုင်(၁၅) အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက်ကြောင်း ပြန်လည်ထုတ်ပြန်ထားပါတယ်။

read more

ရန်ကုန်၊ မတ် (၂၁) အာဆီယံအထူးကိုယ်စားလှယ် ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ အသံကို လုံးဝတန်ဖိုးမထား၊ အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက်ပြုတဲ့ လုပ်ရပ်ဖြစ်လို့ တော်လှန်ရေးအင်အားစုများ (GSCB) က အခုခရီးစဉ်ကို ပြင်းထန် ကန့်ကွက် ရှုတ်ချတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၄) အာဏာသိမ်းစစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ မတရားထိန်းသိမ်းထားသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စစ်အာဏာရှင်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ထပ်မံတောင်းဆိုလိုက်ပါတယ်။ စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်မှုတွေကို ခံစားနေရတဲ့တိုင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စု ရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မြန်မာပြည်သူတွေဆီကို အမေရိကန်ပြည်ထောင်စုကိုယ်စား လွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာပေးပို့တဲ့ စာထဲမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့၊ လူ့အခွင့်အရေးကို လေးစာလိုက်နာဖို့နဲ့ မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုတယ်လို့လည်း သူက ပြောပါတယ်။ ဒီနေ့ ၂၀၂၂ ခုနှစ်…

read more