ရန်ကုန်၊ဖေဖော်ဝါရီ(၂၇) စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်း ခိုအောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဒီနေ့မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ စခန်းက နယ်ထိန်း စိုးနိုင်ဦး ကို ရှင်းလင်းသုတ်သင်ခဲ့ပြီဖြစ်တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အတွင်းမှာရှိတဲ့ ပျူစောထီးရွာ (၅) ရွာက ကုန်စည်တွေ ရောင်းဝယ်တာ၊ သယ်ဆောင်တွေ မပြုလုပ်ဖို့ (၅) မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ဒီနေ့မှာ သတိပေး ကြေညာလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ရှိတဲ့ PDF စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က အင်အား တစ်ထောင်ကျော်အသုံးပြုပြီး ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အတွင်းက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ က ပေးတဲ့ ပျူစောထီးသင်တန်း ကို တက်ရောက်ပါက ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးပြောကြားလိုက်ပါတယ်။ “ပြည်သူတွေကို ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်လုယက်ဖျက်ဆီးပြနေတာတောင် စခတွေ နဲ့ ပေါင်းချင်သူတွေ ရှိသေးတယ်ဗျ၊ ကျနော်တို့ ရွာက အစိမ်းအဖွဲ့တွေဆို ပျူသင်တန်းတက်မလို့တဲ့ ပြောနေတာ၊ ဦးကျော်ဆန်းရွာ(နွယ်အင်းရွာ)မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က ရွာကမိန်းကလေးတွေကို မုဒိမ်းကျင့်တဲ့ သတင်းလဲထွက်နေတယ်။”လို့ ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ က ပုလဲမြို့နယ် အတွင်းမှာ ရှိတဲ့ ပျူစောထီးတွေကို စစ်သင်တန်းပေးဖို့ ကြိုးစားနေပြီး ပြည်သူကို မျက်နှာမမူဘဲ အကြမ်းဖက် စစ်ကောင်စီ နဲ့ ပူးပေါင်းပါက မိသားစုလုံခြုံရေးကိုပါ…

read more

ရန်ကုန်၊ဇန်နဝါရီ (၁၂) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာ နဲ့ မြေနက်ကျေးရွာ ကြားမှာ သေဆုံးခဲ့တဲ့ ပျူစောထီး အလောင်း တွေကို လာကောက်တဲ့ အကြမ်းဖက်စစ်သား တွေ မိုင်းဆွဲခံရလို့ (၇) ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာ နဲ့ သမ္မရိုးကျေးရွာ ကြားမှာ ဇန်နဝါရီ (၁၀) ရက် ညပိုင်းက ပြည်သူတွေဆီက ခေါင်းပုံဖြတ် ကူးသန်းရောင်းဝယ်နေတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ သေဆုံးသွားတဲ့ ပျူစောထီး အလောင်း (၇) လောင်းကို လာကောက်တဲ့ စစ်ယာဉ်တန်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို အရာတော်မြို့နယ်တော်လှန်ရေး အင်အားစု (ARA) က ဗိုလ်ရောင်နီ နဲ့ ဗိုလ်ယက္ခ ဦးဆောင်တဲ့…

read more

ရန်ကုန်၊ဒီဇင်ဘာ(၁၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မဟာမြိုင်လမ်း နဲ့ ဗန္ဓုလလမ်းထောင့် အနီးမှာ အမျိုးသားတစ်ဦးကို အမည်မသိသူတွေက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲလို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “အပစ်ခံရတဲ့ လူနာမည်က ဝင်းနိုင် တဲ့၊ ဈေးကပြန်လာတုန်း အနောက်က ကားပေါ်မှာ ပါလာတဲ့လူတွေက ပစ်သွားတာ၊ လေးငါးချက်လောက်ရှိတယ်၊ ပွဲချင်းပြီးသေတယ်၊ ဘာကြောင့်ပစ်လဲဆိုတာတော့ မသိဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစု တွေက စစ်တပ်ရဲ့သြဇာခံ သတင်းပေးဒလန်တွေကို ပစ်ခတ်ရှင်းလင်တာတွေရှိနေသလို စစ်တပ်လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေဆိုသူတွေကလည်း ပစ်ခတ်လုပ်ကြံတာတွေလည်း ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က ဦးဝင်းနိုင် ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ C8News Media အနေနဲ့ ဘာကြောင့်ပစ်ခတ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

read more