ရန်ကုန်၊ ဇန်နဝါရီ (၇) အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင်ကို လူ့အသိုက်အဝိုင်းက ဖယ်ကျဉ်ထားတဲ့အတွက့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် အနေနဲ့ စစ်ခေါင်းဆောင် နဲ့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။ မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်ဟာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နဲ့ အတူ မြန်မာနိုင်ငံကို ဒီနေ့ ဇန်နဝါရီ (၇) ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိခဲပြီး မြန်မာနိုင်ငံမှာ နှစ်ရက်ကြာ နေထိုင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို အာဆီယံအဖွဲ့ရဲ့…

read more