ရန်ကုန်၊ ဖေဖော်ဝါရီ (၂) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပဟာ ပြည်ပ ပယောဂအနှောင့် အယှက်တွေ ကင်းရှင်းစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်တွေကို တရားဥပဒေဘောင် အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။
read moreရန်ကုန်၊ဖေဖော်ဝါရီ(၂) စစ်ကောင်စီဝင်တွေအားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အခက်အခဲတွေကြားက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်တယ်လို့ အာဏာသိမ်းပြီး ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးမြင့်ဆွေ က ပြောဆိုလိုက်ပါတယ်။
read moreရန်ကုန်၊ဖေဖော်ဝါရီ(၁) “နိုင်ငံတော်ကာကွယ်ရေး ဆိုတာ ပြည်သူတွေကို ကာကွယ်ရန် ဖြစ်ပြီး မင်းမဲ့စရိုက် အဖြစ်မခံနိုင်ပါဘူး။ လျစ်လျူရှုလို့လည်း မရပါဘူး။ ဒါကြောင့် တချို့နေရာတွေမှာ စွန့်စားပြီး ပေးဆပ်ကာကွယ်ခဲ့ရတယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းတာ(၁)နှစ်ပြည့်တဲ့ ဒီနေ့မှာ ပြောကြားတဲ့မိန့်ခွန်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
read moreရန်ကုန်၊ဇန်နဝါရီ(၂၉) မြန်မာနိုင်ငံ မှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ဖို့ သဘာဝသယံဇာတ အရင်းအမြစ်တွေရှိနေပြီး မျိုးကောင်းမျိုးသန့်တွေ နဲ့ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ကို ပူးပေါင်းလိုက်မယ်ဆိုပါက နိုင်ငံတော်အစိုးရ ရဲ့ မူဝါဒရည်မှန်းချက်ဖြစ်တဲ့ စားရေရိက္ခာပေါများပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာမှာကို ယုံကြည်တယ်လို့ စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်း ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကို လုပ်ကိုင်နေကြတဲ့အတွက် စိုက်ပျိုး မွေးမြူရေး ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကို အဓိက ထား ဆောင်ရွက်ကြဖို့ အရေးကြီး” လို့ မနေ့က နေပြည်တော် မှာ ကျင်းပတဲ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ မှာ…
read moreရန်ကုန်၊ ဇန်နဝါရီ (၂၃) တရားစီရင်ရေး၊ ဥပဒေအကြံပြု တွေအနေနဲ့ မှုခင်းကိစ္စတွေ ကို ဆောင်ရွက်ရာမှာ မှန်ကန်မြန်ဆန်မှုရှိစေဖို့ နဲ့ လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ တရားစီရင်ရေးအတွက် တရားစီရင်ရေးဟာ မှန်ကန်မြန်ဆန်ပြီး ဥပဒေ နဲ့ အညီ လွတ်လပ်စွာ တရားစီရင်ရေး နဲ့ အဂတိလိုက်စားမှု ကင်းရှင်းရေးကလည်း အဓိကအရေးပါတယ်လို့ မနေ့က မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး နဲ့ တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “တရားစီရင်ရာမှာ အမြန်ဆုံးတရားစီရင်ရေးဟာ အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်တယ်။ တရားစီရင်ရေး နဲ့ ဥပဒေ ရေးရာကဏ္ဍ တွေက မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နဲ့ မျှမျှတတ ဆောင်ရွက်ဖို့ လိုအပ်တယ်”…
read moreရန်ကုန်၊ ဇန်နဝါရီ (၂၁) တပ်မတော် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အညီ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာသာ ဆက်လက်လျှောက်လှမ်းနေတာဖြစ်ပြီး တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ တိုင်း နဲ့ ပြည်နယ် တချို့ကို စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ရာမှာလည်း အလွန်ဆိုးရွားသည့်နယ်မြေတွေကိုသာ စစ်အုပ်ချုပ်ရေးအမိန့်တွေ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးနှင့် ပတ်သက်ပြီး တပ်မတော် အနေနဲ့ စတင်တာဝန်ယူချိန်က ဆူပူမှုတွေ မရှိသလောက် နည်းပါးခဲ့ပေမယ့် ဖေဖော်ဝါရီ (၃) ရက် နောက်ပိုင်းမှာ ဆန္ဒပြမှု တွေ…
read moreရန်ကုန်၊ ဇန်နဝါရီ (၁၆) စားသောက်ကုန် ပစ္စည်း တွေကို ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်မယ်ဆိုပါက ပြည်ပသွင်းကုန် တွေကို လျှော့ချနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံခြားငွေသုံးစွဲမှု ကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဟာ ဆန်ဖူလုံမှုမရှိတဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်ရာမှာ လယ်မြေ တွေကို အသုံးမပြုဖို့ နဲ့ မြေကိုအကျိုးရှိစွာအသုံးချဖို့ လိုအပ်တယ်လို့ မနေ့က မြိတ်ခရိုင် အတွင်း ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်း နဲ့ ဒေသအတွင်းအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်း အစည်းအဝေးမှာ သူက အခုလို ပြောဆိုလိုက်ပါတယ်။ မြိတ်မြို့ဆိပ်ကမ်း ကို နိုင်ငံတကာအဆင့်မီဆိပ်ကမ်း တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ သံရိုင်း၊ ကျောက်မီးသွေး…
read moreရန်ကုန်၊ ဇန်နဝါရီ(၁၄) တစ်နိုင်ငံလုံး အတိုင်းအတာအနေ နဲ့ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ငြိမ်းချမ်းရေးမရရှိပါက မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲပြုလုပ်နိုင် မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲအစည်း အားလုံး ဥပဒေ နဲ့ အညီ ပါဝင်လာမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်တယ်၊ အခုနှစ် ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးရရှိစေဖို့ အထူးအလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မနေ့က တနင်္သာရီတိုင်းဒေသကြီး အစည်းအဝေးပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း…
read moreရန်ကုန်၊ ဇန်နဝါရီ (၁၃) ညမထွက်ရအမိန့် (Curfew) သတ်မှတ်ထားတဲ့ နယ်မြေဒေသ တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ်လူနာ သွားလာရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလာလို့ရအောင် လူနာပါရှိတဲ့ ကားပေါ်မှာ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါရှိပါက ညဘက်အပြင်သွားလာခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ “ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး ညမထွက်ရမြို့ တွေကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတား ဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်က၊ ဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲ့တော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာ ရေး…
read moreရန်ကုန်၊ဇန်နဝါရီ(၁၀) သာယာလှပပြီး သယံဇတပေါကြွယ်ဝတဲ့ ကချင်ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခ တွေ အပြီးတိုင်မချုပ်ငြိမ်းသေးလို့ သဘာဝအလှတရား တွေကို အပြည့်အဝမခံစားနိုင်သေးသလို သဘာဝသဟံဇာတ တွေကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာ ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုး ကို ထိရောက်အောင်မြင်နိုင်မှာသာ ငြိမ်းချမ်းရေးရဲ့ အရသာကို သိရှိခံစားပြီးဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း နေထိုင်သူတွေအနေ နဲ့ ငြိမ်းချမ်းရေးကို အလွန်တောင်းတနေပြီး…
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်