ရန်ကုန်၊ ဇန်နဝါရီ (၂၄) အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကိုယ်ဝန်ဆောင်မိခင် နဲ့ (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ပုလောမြို့နယ် ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝတ်ကျေးရွာ မှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းကို မနေ့ ညနေပိုင်း က အိမ်ရှေ့မှာ နင်းမိပြီး ကိုယ်ဝန် (၆) လ ရှိတဲ့ မိခင်တစ်ဦး သေဆုံးခဲ့သလို သူမရဲ့ သားဖြစ်သူ (၆) နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပြီး မနေ့ ညပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ “အစွမ်းကုန်ယုတ်မာရက်စက်နေသော စစ်ခွေးများကြောင့် အပြစ်မဲ့ပြည်သူများ ထပ်မံ၍ အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရလေအောင် သတိကြီးကြီးနဲ့ သွားလာနေထိင်ကြရန်” ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) က…

read more