ရန်ကုန်၊ မတ် (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှာ စခန်းအထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ PDF အဖွဲ့တွေ မတ်လ (၅) ရက်နေ့က အပြန်လှန်ပစ်ခတ်မှုတွေကြောင့် ထိပ်တိုက်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရဲစခန်းကို PDF တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ စစ်သားနှစ်ဦးသေဆုံးခဲ့ကာ ရဲတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မေ (၂၈) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်သုံးအိုင်ရွာ နဲ့ ဒေါင်အိုကြီးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Urban ကျားကြီး လို့ နာမည်ပေးထားတဲ့ လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ 27 Revolution Forces ဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) ဗိုလ်ယက္ခ ရင်း (၁) မှူး၊ တပ်ရင်း (၁) က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံး ပျက်စီးမှုရှိတယ်လို့ သူတို့က အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၁၅) စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အတွင်းမှာ အကြမ်းဖက်စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာအတွင်းက ပြည်သူတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စုပေါင်းပြီး မနေ့က ဇန်နဝါရီ (၁၄) ရက်နေ့မှာ သွားရောက်ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ နဲ့ နဘက်ကျေးရွာ က မီးဘေးသင့်ပြည်သူတွေကို Myaung Union Army-MUA ၊ အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)-M2W နဲ့ မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM က ပူးပေါင်းကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၁)ရက်နေ့မှာ နဘက်ကျေးရွာက နေအိမ်(၆)လုံး နဲ့ ဆွဲလဲအိုကျေးရွာ က နေအိမ်(၁၃) လုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သားတွေက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို…

read more

“ရဲ CDM ဝန်ထမ်းက စုစုပေါင်း (၄) ဦးရှိတယ်။ အဲ့ဒီထဲမှာ စခန်းမှူးတစ်ယောက်၊ ဗိုလ်လေး(ဒုရဲအုပ်)တစ်ယောက်၊ ရဲတပ်သား (၂) ဦး ပါတယ်။ မီးသတ် CDM ဝန်ထမ်းတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ဘက်မှာတော့ စစ်သား CDM ဆိုပြီး ဝင်လာတာတော့မရှိသေးဘူး။ တပ်နယ်မြေမဟုတ်တဲ့ အခါကြတော့ ရဲနဲ့ မီးသတ်နဲ့ကပဲ ကျွန်တော်တို့ဆီကို ဝင်လာပြီးတော့ အတူတကွပေါင်းပြီး တိုက်ပေးနေပါတယ်” လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ရဲ့ တာဝန်ခံ ကိုမင်းခေါင်က ပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဘူးကိုင်းကျေးရွာ က စစ်ကောင်စီသတင်းပေးဒလန် အောင်သူရ နေအိမ်ကို မနေ့က အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ (မြောင်) က သွားရောက်ရှင်းလင်းပညာပေးခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

read more