ရန်ကုန်၊သြဂုတ်(၈) တိုင်းရင်းသား ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် မယုံနိုင်လောက်အောင် ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ က ပြောပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၂၂) နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုတွေကို နှိပ်နင်းရာမှာ ဒီမိုကရေစီနိုင်ငံဖြစ်လို့ စစ်အုပ်ချုပ်ရေး သတ်မှတ်ချက်တွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၃) တော်လှန်ရေးအင်အားစုတွေ အနေနဲ့ နေ့စဉ်နိုင်ငံရေးအခြေအနေတွေကို စောင့်ကြည့်ပြီး လုပ် ဆောင်ရမှာတွေ၊ လုပ်ဆောင်သင့်တာတွေကို အချိန်နဲ့တစ်ပြေးညီ စီမံဆောင်ရွက် နိုင်ကြဖို့ လိုအပ်သလို တစ်ဘက်ကလည်း စစ်ရေးအရှိန်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မြှင့်တင်နိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်းပြောဆိုပါတယ်။

read more

ရန်ကုန်၊ဧပြီ(၂၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၆) တော်လှန်ရေးဟာ တစ်ရက်စောပြီး အောင်မြင်ရင် တစ်ရက်ဆိုသလို ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခပေါင်းစုံက သက်သာမှာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ တက်ညီလက်ညီ ဆက်လက်ကြိုးပမ်း ပေးကြပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) နွေဦးတော်လှန်ရေး ကာလအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို မြို့ရော၊ တောပါ မကျန် ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဘော်အင်အားကလဲ သောင်းဂဏန်းကျော် ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၄) မြန်မာနိုင်ငံမှာ အခု ၂၀၂၂ ခုနှစ် အတွင်းမှာ ဆင်းရဲနွမ်းပါးသူ အခြေအနေ နှစ်ဆ တိုးပွားလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပဟာ ပြည်ပ ပယောဂအနှောင့် အယှက်တွေ ကင်းရှင်းစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်တွေကို တရားဥပဒေဘောင် အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၂) စစ်ကောင်စီဝင်တွေအားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အခက်အခဲတွေကြားက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်တယ်လို့ အာဏာသိမ်းပြီး ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးမြင့်ဆွေ က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၆) စစ်ကောင်စီ က တစ်နှစ်လုံးလုံး ပြောစရာစကားမရှိလောက်အောင် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဇွဲကြီးကြီးနဲ့ တွန်းလှန်ရင်း အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ဖို့ ကြိုးစားရုန်းကန် နေကြတဲ့သူ တစ်ဦးချင်းစီကို လေးစားဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးဟာ zero ကနေ စကြရတာဖြစ်ပြီး အခုအချိန်အထိလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ သိသာထင်ရှားစွာ မရသေးပေမယ့် ပြည်တွင်းပြည်ပက ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သွားနေကြတာဖြစ်ကြောင်း၊ ဒီလိုသွားရင်းနဲ့ အောင်မြင်မှုဟာ မြင်နေရပြီမို့ ဆက်လက်ကြိုးပမ်းကြဖို့” လိုတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေး မှာ သူက အခုလိုပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု ကို ခုခံတွန်းလှန်ရင်း ကျဆုံးသွားရတဲ့ မြန်မာပြည်အရပ်ရပ်က သူရဲကောင်းတွေအတွက်လည်း…

read more