ရန်ကုန်၊ သြဂုတ် (၁၁) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်ကောင်စီ လက်အောက်ခံတွေ ရုံးထိုင်ရာ ဓမ္မရုံ ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (YUGA) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၇) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းမှာရှိတဲ့ ယာဉ်ထိန်းရဲရုံးအတွင်းကို လက်ပစ်ဗုံးနှစ်လမ်း၊ မိုင်းတစ်လုံးနဲ့ သေနတ် အချက်ပေါင်း (၁၀) ချက်နီးပါးပစ်ခတ်ကာ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ YUGA က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ရန်ကြီးအောင်လမ်းထဲမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရုံးမှာ တပ်စွဲဖို့ပြင်ဆင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ မနက် (၅) နာရီ (၁၅) မိနစ်က ဗုံးပစ်တိုက်ခိုက်ခဲ့လို့ ရန်သူတချို့ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Federal Army ရဲ့ ဦးစီးမှူးဖြစ်သူ ကိုကျော်လေး က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၁) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ထိပ်မှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မဟာမိတ်ညီနောင်အဖွဲ့တွေက ဗုံးပစ်သီး (၂) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်လို့ (၂၀) ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ရန်ကုန်ဖက်ဒရယ်တပ်မတော် ဦးစီးမှူး ကိုကျော်လေးက ပြောပါတယ်။

read more

ရန်ကုန်၊ဒီဇင်ဘာ(၁၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မဟာမြိုင်လမ်း နဲ့ ဗန္ဓုလလမ်းထောင့် အနီးမှာ အမျိုးသားတစ်ဦးကို အမည်မသိသူတွေက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲလို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “အပစ်ခံရတဲ့ လူနာမည်က ဝင်းနိုင် တဲ့၊ ဈေးကပြန်လာတုန်း အနောက်က ကားပေါ်မှာ ပါလာတဲ့လူတွေက ပစ်သွားတာ၊ လေးငါးချက်လောက်ရှိတယ်၊ ပွဲချင်းပြီးသေတယ်၊ ဘာကြောင့်ပစ်လဲဆိုတာတော့ မသိဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစု တွေက စစ်တပ်ရဲ့သြဇာခံ သတင်းပေးဒလန်တွေကို ပစ်ခတ်ရှင်းလင်တာတွေရှိနေသလို စစ်တပ်လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေဆိုသူတွေကလည်း ပစ်ခတ်လုပ်ကြံတာတွေလည်း ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က ဦးဝင်းနိုင် ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ C8News Media အနေနဲ့ ဘာကြောင့်ပစ်ခတ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

read more