ရန်ကုန်၊ ဇန်နဝါရီ (၂၆) စစ်ကောင်စီ က တစ်နှစ်လုံးလုံး ပြောစရာစကားမရှိလောက်အောင် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဇွဲကြီးကြီးနဲ့ တွန်းလှန်ရင်း အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ဖို့ ကြိုးစားရုန်းကန် နေကြတဲ့သူ တစ်ဦးချင်းစီကို လေးစားဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးဟာ zero ကနေ စကြရတာဖြစ်ပြီး အခုအချိန်အထိလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ သိသာထင်ရှားစွာ မရသေးပေမယ့် ပြည်တွင်းပြည်ပက ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သွားနေကြတာဖြစ်ကြောင်း၊ ဒီလိုသွားရင်းနဲ့ အောင်မြင်မှုဟာ မြင်နေရပြီမို့ ဆက်လက်ကြိုးပမ်းကြဖို့” လိုတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေး မှာ သူက အခုလိုပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု ကို ခုခံတွန်းလှန်ရင်း ကျဆုံးသွားရတဲ့ မြန်မာပြည်အရပ်ရပ်က သူရဲကောင်းတွေအတွက်လည်း…

read more