ရန်ကုန်၊ ဧပြီ (၃) နွေဦးတော်လှန်ရေးကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်တွေကို တတ်နိုင်သမျှ ကာကွယ်နိုင်အောင် စစ်ရေး၊ ကာကွယ်ရေး၊ အပါအဝင် လူသားစာနာမှု ကဏ္ဍတွေမှာလည်း အထိအခိုက်နည်းအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်း က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) “ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရ ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမဲ့ အချိန်လည်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၇) လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ကိုင်ပြီး အနိုင်အထက် ပြုကျင့်မှုမျိုး မဖြစ်စေဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ကို ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်သလို ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အား ပေးကူညီသွားမယ်လို့ အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ကတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) ပြည်တွင်းမှာအသက်စွန့်ပြီး တိုက်ပွဲဝင်နေသူတွေကို ပြည်ပကလည်း အမြဲအားအင်ပေးနေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၈) အခုချိန်ဟာ တော်လှန်ရေးကာလဖြစ်လို့ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ် မြေတွေအတွင်း စစ်တမ်းကောက်ယူတာ၊ ဖြတ်သန်းသွားလာတာတွေနဲ့ စီမံကိန်းလုပ်ငန်းတွေ ပြုလုပ်မယ်ဆိုပါက NUG ကို ကြိုတင်အသိပေး အကြောင်းကြား‌ပြီးမှသာ ဆောင်ရွက်ဖို့ လိုတယ်လို့ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၇) ပြည်သူလူထုနဲ့ နိုင်ငံတကာကအသိုင်းအဝိုင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် စိုးစဉ်းမျှ သံသယဝင် အမြင်စောင်းလို့ မရဘူးဆိုတာ အားလုံးသိရှိနားလည်ပြီးသား ဖြစ်မှာပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၁၅) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း ကာလတွေမှာ ပြည်သူတွေကို အညှိုးကြီးကြီး ဒုက္ခတွေ ပိုပေးလာတာ တွေ့ရလို့ ပြည်သူတွေအတွက် အကာအကွယ်ပေးနိုင်သမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ကတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၁၄) အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်ကိုပဲ ထုတ်ယူလို့ရမယ့် ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ်ကိုတော့ မချိုးနှိမ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ ပြောပါတယ်။

read more