ရန်ကုန်၊ ဇန်နဝါရီ (၂၃) တရားစီရင်ရေး၊ ဥပဒေအကြံပြု တွေအနေနဲ့ မှုခင်းကိစ္စတွေ ကို ဆောင်ရွက်ရာမှာ မှန်ကန်မြန်ဆန်မှုရှိစေဖို့ နဲ့ လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ တရားစီရင်ရေးအတွက် တရားစီရင်ရေးဟာ မှန်ကန်မြန်ဆန်ပြီး ဥပဒေ နဲ့ အညီ လွတ်လပ်စွာ တရားစီရင်ရေး နဲ့ အဂတိလိုက်စားမှု ကင်းရှင်းရေးကလည်း အဓိကအရေးပါတယ်လို့ မနေ့က မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံး နဲ့ တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “တရားစီရင်ရာမှာ အမြန်ဆုံးတရားစီရင်ရေးဟာ အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်တယ်။ တရားစီရင်ရေး နဲ့ ဥပဒေ ရေးရာကဏ္ဍ တွေက မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် နဲ့ မျှမျှတတ ဆောင်ရွက်ဖို့ လိုအပ်တယ်”…

read more