ရန်ကုန်၊ ဇန်နဝါရီ (၁၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်း ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်တပ် အရာရှိအပါအဝင် စစ်သား (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကားတစ်စီးပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဆီက သိရပါတယ်။ မနေ့က ဇန်နဝါရီ (၁၅) ရက်နေ့ မနက်ပိုင်း က ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ မန္တလေး-ဗန်းမော်ကားလမ်း၊ ပေါက်နက်ရွာ အနီးမှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ် (၄) စီး ကို ထီးချိုင့် PDF က မိုင်းဆွဲတိုက်ခိုက်ရာမှာ ကားတစ်စီး ပျက်စီး သွားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ကားတွေကို တုံလုံရွာ အနီးမှာ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Kathar Revolution- IR က…

read more