ရခိုင်၊ မတ် (၈) ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီအဖွဲ့တွေကို မဟာမိတ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်ဖို့ရှိနေပြီး သီးသန့်လည်း ထိုးစစ်ဆင်သွားမှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၄) အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကိုယ်ဝန်ဆောင်မိခင် နဲ့ (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ပုလောမြို့နယ် ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝတ်ကျေးရွာ မှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းကို မနေ့ ညနေပိုင်း က အိမ်ရှေ့မှာ နင်းမိပြီး ကိုယ်ဝန် (၆) လ ရှိတဲ့ မိခင်တစ်ဦး သေဆုံးခဲ့သလို သူမရဲ့ သားဖြစ်သူ (၆) နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပြီး မနေ့ ညပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ “အစွမ်းကုန်ယုတ်မာရက်စက်နေသော စစ်ခွေးများကြောင့် အပြစ်မဲ့ပြည်သူများ ထပ်မံ၍ အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရလေအောင် သတိကြီးကြီးနဲ့ သွားလာနေထိင်ကြရန်” ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) က…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၀) သာယာလှပပြီး သယံဇတပေါကြွယ်ဝတဲ့ ကချင်ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခ တွေ အပြီးတိုင်မချုပ်ငြိမ်းသေးလို့ သဘာဝအလှတရား တွေကို အပြည့်အဝမခံစားနိုင်သေးသလို သဘာဝသဟံဇာတ တွေကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာ ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုး ကို ထိရောက်အောင်မြင်နိုင်မှာသာ ငြိမ်းချမ်းရေးရဲ့ အရသာကို သိရှိခံစားပြီးဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း နေထိုင်သူတွေအနေ နဲ့ ငြိမ်းချမ်းရေးကို အလွန်တောင်းတနေပြီး…

read more

ရန်ကုန်၊ ဇန်နဝါရီ (၄) ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်တဲ့ Myanmar ၊ Dagon နဲ့ ABC ဘီယာတွေကို ရောင်းဝယ်တာ မပြုလုပ်ဖို့ ကေအိုင်အို အစိုးရ၊ မြစ်ကြီးနားခရိုင်က ဒီနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ အခုလ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး မြို့တွင်း၊ မြို့ပြင်၊ ကျေးလက်ဒေသ လမ်းပိုင်းတလျှောက် သယ်ယူတာ မပြုဖို့ နဲ့ သတ်မှတ်ရက် နောက်ပိုင်းတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမှာ ဖြစ်လို့ ထုတ်ပြန်အရ သိရပါတယ်။

read more