ရန်ကုန်၊ ဇန်နဝါရီ (၃၀) ကချင်ပြည်နယ် အတွင်းမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်၊ ဖောက်ကား၊ သယ်ဆောင်၊ သုံးစွဲတာ နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ရဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO အစိုးရ က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ နဲ့ ဒေသခံပြည်သူတွေရဲ့ ခွင့်ပြုချက်မရရှိဘဲ လယ်ယာမြေ၊ ဥယျာဉ်မြေတွေကို ရွှေတူးဖော်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ဖို့ကိုလည်း ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းကြေညာထားပါတယ်။ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံးတွေက ပိတ်ပင်ထားတဲ့ Myanmar Beer, Dagon Beer တွေ စတဲ့ စစ်ကောင်စီ နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ကို ပူတာအိုမြို့ အတွင်းက ဈေးဆိုင်တွေ အနေနဲ့ သယ်ယူ ရောင်းချတာတွေ မပြုလုပ်ဖို့ကိုလည်း KIO အစိုးရက တားမြစ်ထား…

read more

ရန်ကုန်၊ဇန်နဝါရီ(၂၆) တိုက်ပွဲကာလတွေ ကြာရှည်နေပြီး အကြပ်အတည်းတွေကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံဟာ အလုံးစုံပျက်စီးရေး ကို ရောက်ရှိသွားနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီး အချက် (၇) ချက် ပါဝင်တဲ့ ထုတ်ပြန်ချက်ကို KIO က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က နိုင်ငံတော် ရဲ့အချုပ်အခြာ အာဏာ အရပ်ရပ်ကို သိမ်းယူခဲ့တာ တစ်နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာအကြပ် အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် စစ်ကောင်စီအနေ နဲ့ တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို တန်ဖိုးထားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက် မှာ ရေးသားထားပါတယ်။ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ…

read more