ရန်ကုန်၊ ဖေဖော်ဝါရီ (၁၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မြသိန်းတန်တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ကိုအောင်ဇိမ်ထွန်း(ခ) ကိုအောင်ကြီး ရဲ့ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၅) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝင်းမနားနယ်မြေရဲစခန်း နဲ့ ဝင်းမနား အထကကျောင်း မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေကို PDF တွေက တိုက်ခိုက်ခံလိုက်လို့ အကြမ်းဖက်စစ်သား (၂၅) ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဝင်းမနားနယ်မြေ ရဲစခန်းပျက်စီးခဲ့သလို

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာ ကနေ သရက်တောကျေးရွာ ကို ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို (၄) နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ DRPA ကပြောပါတယ်။ မိုင်းခွဲတိုက်ခိုက် တာကို မနေ့ညပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ DRPA က ထုတ်ပြန်ထားပါတယ်။ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)၊ တပ်မဟာ (၁) လက်အောက်ခံတပ်ဖွဲ့ ကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ကျောက်လုံးကြီး PDF က လက်နက်ခဲယမ်းတွေ အကူအညီပေးခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံတပ်သား တွေကို အချိန်မရွေး၊ နေရာမရွေး တွန်းလှန်တိုက်ခိုက်တာတွေကို တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်းပြီး အရှိန်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ DRPA ကပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ ဒီဇင်ဘာ(၁၈) ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က တပ်သား (၁) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ရေကြောင်း၊ ကုန်းကြောင်းကတဆင့် လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာချိန် တပ်သား မင်းခန့်ကျော် ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိပြီး အနီးကပ်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် မင်းခန့်ကျော် ဟာ အသက်(၁၈) နှစ် မပြည့်သေးသူတစ်ဦးဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၁၉) ရက်နေ့မှာ ဈာပနကျင်းပပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ဆီကသိရပါတယ်။

read more