ရန်ကုန်၊ဇန်နဝါရီလ(၆) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်း နဲ့ ကန်သာယာ (၂) လမ်း ထောင့် မှာ ဒီနေ့မနက် (၇) နာရီဝန်းကျင်က လမ်းဘေးဈေးဆိုင်ဖွင့် ရောင်းချနေသူ ဒေါ်ခင်စန်းလွင် ကို အမည်မသိသူက သေနတ် နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အထည်ရောင်းချသူ ဒေါ်ခင်စန်းလွင် ဟာ ဈေးဆိုင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန် အမျိုးသားတစ်ဦးက သေနတ် နဲ့ အနီးကပ် ပစ်ခတ်ခဲ့တဲ့အတွက် ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ နဲ့ ပတ်သက်တဲ့နေရာတွေမှာ ဖောက်ခွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေသလို မနေ့ကဇန်နဝါရီ (၅) ရက်နေ့မှာလည်း မရမ်းကုန်းမြို့နယ်က ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံခဲ့ရပါသေးတယ်။ အလားတူမနေ့က…

read more