ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇) ကရင်နီပြည်နယ်(ကယား)၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်ကနေ လွိုင်လင်(ရှမ်း-ကယားနယ်စပ်) လမ်းမကြီးပေါ်ကို စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကားတွေကို လုံးဝဖြတ်သန်း သွားလာခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၄) (၁၀) နာရီကျော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ကျေးရွာ နဲ့ စိုက်ကွင် (၂) ကျေးရွာ ကြားမှာ မနေ့ မနက် (၈) နာရီက ကနေ ညနေ (၆) နာရီကျော်ကြာတဲ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူများပြားခဲ့ပြီး စစ်ကောင်စီဘက်ဖွဲ့ဝင် တွေက ပြည်သူနေအိမ် (၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့လည်ပိုင်းကလည်း ဟိုဖိတ်ကျေးရွာ နဲ့ သပြေတောကျေးရွာ အတွင်းမှာလည်း…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း အနီး နဲ့ ငွေတောင်ဆည် အနီး ဘုရားငုတ်တိုရွာ အနီးမှာ မနေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းကအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော် KA၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ KGZ နဲ့ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တွေက ပူးပေါင်းထိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော် PDF တပ်ဖွဲ့ဝင် (၂) ဦး နဲ့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် (၁) ဦး တို့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့် လာမယ့်အခြေအနေဖြစ်နေလို့ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ မနေ့ ညနေပိုင်းက မြို့မရဲစခန်းကပ်ရပ်က ဘုရားစေတီဝိုင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေ၊ KNDF နဲ့ ကရင်နီတပ်မတော် KA တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၅) ဦး သေဆုံးသွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့က တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ KNDF့ ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို…

read more