ကရင်နီ၊ဒီဇင်ဘာ(၂) စစ်ကောင်စီက စစ်ရာဇဝတ် ကျူးလွန်တာတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၄၄၉ ယောက်၊ ‌စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၄၇ ယောက်နဲ့ တိုက်ပွဲအတွင်း အသက်ပေးခဲ့ကြရသူ ရဲဘော် ၃၉၃ ယောက် စုစုပေါင်း ၉၈၉ ယောက်ရှိတယ်လို့ PKPF သတင်းထုတ်ပြန်ထားပါတယ်။

read more

ရန်ကုန်၊စက်တင်ဘာ(၃၀) ကရင်နီအမျိုးအသားများကာကွယ်ရေးတပ်၊ ကွန်မန်ဒို စစ်ကြောင်းက စစ်ကြောင်းမှူး ကာဗြေလယ်(ခ)ကြက်ဖ ဈာပနာအခမ်းအနား ကျင်းပခဲ့တဲ့ မြင်ကွင်း ဓါတ်ပုံတွေ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ မတ် (၁၃) ကားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ ဒေါငံခါးကျေးရွာကို ဒီနေ့ မှာ ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၂၂) စစ်ကောင်စီအဖွဲ့တွေဟာ လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ကယားပြည်နယ် အတွင်းတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘူး လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန က ငြင်းဆိုလိုက်ပါတယ်။ အခု ဇန်နဝါရီလအတွင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို အကြမ်းဖက်စစ်တပ် က လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန က အခုလိုငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေဟာ လူနေရပ်ကွက်တွေ အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ၊ ဘာသာရေးအဆောက်အအုံတွေ၊ အစိုးရပိုင် အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကိုလည်း လူသားတံတိုင်းလို့ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာတော့ ပြည်သူတွေထိခိုက်မှုမရှိစေဖို့ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့တိုက်ခိုက်မှုကြောင့် လွိုင်ကော်အကျည်းထောင်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်ရပ်ကွက် နဲ့ မိုင်းလုံးရပ်ကွက် မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သေဆုံးခဲ့ပြီး ကောက်ယူ သင်္ဂြိုလ်ပေးမယ့်သူ မရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပူးပေါင်းတပ် တွေက လူ့ဂုဏ်သိက္ခာနဲ့အညီ မီးရှို့သင်္ဂြိုလ်ပေးခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကယားပြည်နယ် အတွင်းက မြို့နယ် တချို့မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေးတပ် တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

read more