ရန်ကုန်၊ ဒီဇင်ဘာ (၂၉) မြန်မာစစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းမှုကျူးလွန်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ဒီနေ့မှာ ပြောကြားပါတယ်။ “မြန်မာပြည်သူတွေ အပေါ် စစ်တပ်ရဲ့ ကျယ်ကျယ် ပြန့် ပြန့် ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပြီး စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရတာကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အမြန် အဆုံးသတ်ဖို့ လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်” လို့ သူက ပြောပါတယ်။ ကယားပြည်နယ် နဲ့ ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အပေါ် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်လို့ အန်တိုနီ ဂျေ ဘလင်ကန် ပြောကြားပါတယ်။ ကယားပြည်နယ်မှာ ဒီဇင်ဘာလ…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၄) မြန်မာနိုင်ငံအတွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေက ပြောပါတယ်။ စစ်အာဏာရှင်ရဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မိမိတို့အနေနဲ့ ရှုတ်ချတယ်လို့လည်း ဒီနေ့မှာ ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်တွေအနေနဲ့ ကရင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းမှာ အဆင်အခြင်မဲ့ တိုက်ခိုက်ခံနေတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံဖို့၊ အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သူတို့က မေတ္တာရပ်ခံထားပါသေးတယ်။

read more