ရန်ကုန်၊ မတ် (၁၉) နွေဦးတော်လှန်ရေးကာလအတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် စစ်အုပ်စုက လက်နက်နဲ့ အင်အားသုံးပစ်ခတ်ကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် ဖြိုခွင်းမှုလို့ သတ်မှတ်ပြီး လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါတယ်။

read more

ရန်ကုန်၊ မတ် (၁၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးအကျဉ်းထောင် အတွင်းမှာ မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ထောင်အတွင်း သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပြည်သူတွေက ဒီနေ့မနက်ပိုင်း အရုဏ်ဦးသပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နဲ့ ချင်းပြည်နယ် ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတဲ့ ဟိန်ဇင်ရွာ တိုက်ပွဲ မှာ အကြမ်းဖက်စစ်သား (၁၅) ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီနေ့ မနက် (၁) နာရီကျော်က ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေဖြစ်တဲ့ CDM Siyin, PDF Zoland, Kalay PDF 3 , Kalay PDF 8, Kalay PDF 9, PDA,Zongam Army, CDF KKG-2 တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဘက်က ရဲဘော် (၂) ဦး ကျည်မှန်ဒဏ်ရာ ရထားပေမယ့်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၈) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာ နဲ့ ရန်လင်းဖိုင်ကျေးရွာ ကြားမှာ မနေ့က (ဇန်နဝါရီ ၁၇ ရက်) မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲမှူးတစ်ဦးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူတွေက ကလေးမြို့ မူးယစ်တပ်ဖွဲ့စုမှူး ရဲ ၃၆၉၉ ရဲမှူး သောင်းမြင့် သူ့ရဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ လ ၂၂ ၃၄၁၇ ရဲတပ်ကြပ် ဇော်မင်းအောင်၊ လ ၂၄၀၈၈၉ ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်၊ ကလေးခရိုင် တရားရုံး ကနေ ပုသိမ်မြို့ကို ပြောင်းရွှေ့မယ့် ရဲ ၅၆၇၁ ဒုရဲမှူး ဝင်းနိုင်၊ ရန်ကုန်မြောက်ပိုင်းခရိုင်မူးယစ်တပ်ဖွဲ့ ကို ပြောင်းရွှေ့မယ့် လ ၂၄၀၂၂၂ ရဲအုပ်မိုးထက်နိုင် တို့ဖြစ်တယ်လို့ Myanmar Police…

read more