ဝါး၊ ဓနိနှင့် တာလပတ်အမိုးအကာများဖြင့် အဓိကဆောက်လုပ်ထားသည့် နေအိမ်တဲများကို ယောကျ်ားသားများက ခန္ဓာကိုယ်တွင် အဝတ်ပင်မကပ်နိုင်ပဲ အင်တိုက်အားတိုက် ဖြိုဖျက်နေကြသည်။ နေအိမ်တဲများပေါ်ရှိ တစ်နိုင်သယ်နိုင်သည့် လူသုံးကုန်ပစ္စည်းနှင့် အဝတ်အစားထုပ်များကို အမျိုးသမီးများနှင့် ကလေးငယ်များက လမ်းမပေါ်သို့သယ်ထုတ်နေကြသည်။

read more