ရန်ကုန်၊ ဇန်နဝါရီ (၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာလမ်း၊ မြဝတီရပ်ကွက်ရုံး ရှေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ မိုးကောင်းခြံမှာ ဒီနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကို ရဲဘော်နာရွဲ့ဆွမ် ဦးဆောင်တဲ့ Northwest Plains Revolutionary Force၊ Monywa Heroes Group နဲ့ South Monywa PDF တပ်ဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသေအပျောက်စာရင်းကို အခုချိန်ထိ အသေးစိတ်မရှိရသေးဘူးလို့ Monywa Heroes Group ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုံရွာမြို့နယ် ပြည်သူလူထုတွေ အနေနဲ့ မိမိတို့ကို တစ်ထောင့်တစ်နေရာကနေ လိုအပ်တဲ့ ပံ့ပိုးပေးတာတွေ ကူညီပေးကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

read more