ရန်ကုန်၊ ဧပြီ (၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ကျောက်မြောင်းလမ်း၊ သန်းထိုက်အောင်ဆီဆိုင်အနီးမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီအဖွဲ့ကို မနေ့ နေ့လယ်က မိုင်း (၃) လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအဖွဲ့ဝင် နှစ်ယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ JOKER SBDF က ပြောပါတယ်။ စစ်ကောင်စီဟာ သေဆုံးသွားတဲ့ အလောင်းတွေကို သယ်ယူသွားပြီး ရွှေဘိုမြို့အတွင်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နေရာဆီက MA1 ကျည်ဘောက်တစ်ခုနဲ့ 5.56 ကျည်တချို့ သိမ်းဆည်းရခဲ့တယ်လို့ JOKER SBDF က ပြောပါတယ်။

read more