ရန်ကုန်၊ သြဂုတ် (၈) ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာသယ် ရေယာဉ် ကို မုဌောနဲ့ ချိုင် ကြားက ပွတ်လုံးဒေသကို အရောက်မှာ PDF အဖွဲ့ (၁၅) ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ “စခ (၅) ကောင်ဒဏ်ရာ ရရှိကာ အသေအပျောက် အတိအကျမသိရပေ။ ရေယာဉ် တစီးအင်ဂျင်စက် ချို့ယွင်းခဲ့” တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို သူတို့က ထုတ်ပြန်ချက်မှာ ပြန်လည် ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကို သြဂုတ်လ (၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး “ပြည်သူများ ပို့သသော မေတ္တာများဖြင့် ရဲဘော်များ အားလုံး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့” တယ်လို့ ပြောပါတယ်။ Video- CGYDF

read more