ရန်ကုန်၊ ဇန်နဝါရီ (၅) ကယားပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ ရဲ့ လက်နက်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်လိုက်ပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နဲ့ ငွေတောင်ဆည် အနီးမှာ စစ်ကောင်စီတပ် တွေ နဲ့ ဒေသခံတိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၃) ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲ နဲ့ ငွေတောင်ဆည် အနီး တိုက်ပွဲမှာ မနေ့က လွိုင်ကော် PDF ဘက်က ကျဆုံးသူ (၂) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ၊ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့ တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကြား မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ လွိုင်ကော် PDF သတင်းနှင့်ပြန်ကြားရေး အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီးမော့ဆိုတိုက်ပွဲ နဲ့ ငွေတောင်ဆည် အနီး (၃) ရက်ကြာ တိုက်ပွဲ အတွင်း လွိုင်ကော် PDF က ဒဏ်ရာရရှိသူ စုစုပေါင်း (၁၂) ဦး နဲ့ ကျဆုံး ရဲဘော် (၁) ဦး ရှိခဲ့ပါတယ်။…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း အနီး နဲ့ ငွေတောင်ဆည် အနီး ဘုရားငုတ်တိုရွာ အနီးမှာ မနေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းကအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော် KA၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ KGZ နဲ့ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တွေက ပူးပေါင်းထိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော် PDF တပ်ဖွဲ့ဝင် (၂) ဦး နဲ့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် (၁) ဦး တို့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည် တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃၀) နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးဌာန ဆီက သိရပါတယ်။ ငွေတောင်ဆည် အနီးက မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကြား မနေ့ မနက် (၈) နာရီကျော်ကနေ ညနေ (၆) နာရီကျော်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA ဘက်က ရဲဘော်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့တယ်လို့ KNDF က ပြောပါတယ်။ မနေ့က ဖရူဆိုမြို့နယ်၊ ထီသော်တနီးကျေးရွာ နဲ့ လောတောတနောရွာ အနီးမှာလည်း အကြမ်းဖက်စစ်ကောင်တပ်တွေနဲ့ ကရင်နီတပ်မတော် KA တို့ကြား…

read more