ရန်ကုန်၊ ဒီဇင်ဘာ (၁၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြာသောင်းဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၁၀၁၃ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ မနေ့ မနက်ပိုင်းက စတင်ပြီး ညပိုင်းအထိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်က စခန်းမှူးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

read more