ရန်ကုန်၊ ဇန်နဝါရီ (၇) အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင်ကို လူ့အသိုက်အဝိုင်းက ဖယ်ကျဉ်ထားတဲ့အတွက့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် အနေနဲ့ စစ်ခေါင်းဆောင် နဲ့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။ မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်ဟာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နဲ့ အတူ မြန်မာနိုင်ငံကို ဒီနေ့ ဇန်နဝါရီ (၇) ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိခဲပြီး မြန်မာနိုင်ငံမှာ နှစ်ရက်ကြာ နေထိုင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို အာဆီယံအဖွဲ့ရဲ့…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂) ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးလာနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်တဲ့ စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတွေနဲ့ တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သူက ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာစေဖို့အတွက် အဓိကအခြေခံအချက်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါး ကို တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ နိုင်ငံတော်ကို…

read more

ရန်ကုန်၊ဇန်နဝါရီ(၁) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ စစ်ခေါင်းဆောင်တွေ ကို အောက်ခြေတပ်ဖွဲ့ဝင်မိသားစုတွေက ယုံကြည်မှုနည်းနေပြီး အမှန်တရားဘက်ကို ကူးပြောင်းကာ ပြည်သူနဲ့အတူ ပူးပေါင်းစေချင်တဲ့ သဘောရှိတယ်လို့ တပ်မတော်ချစ်သူများကွန်ရက် အဖွဲ့ဝင်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ အမိန့်အရ၊ စားဝတ်နေရေးအရ တပ်တွင်းဝင်ကာ တပ်မတော်တာဝန်တွေကို ထမ်းဆောင်နေတဲ့ ရှေ့တန်းရောက် တပ်မတော်သားတွေဆီကို မိသားစုဝင်တွေက မှာကြားလိုသော ပေးစာတွေမှာ ပြည်သူ့ဘက်ကို ကူးပြောင်းစေချင်တဲ့ သဘောမျိုးတွေပါတဲ့ စာတွေကို လက်ခံရရှိတယ်လို့ တပ်မတော်ချစ်သူများကွန်ရက် ဒီဇင်ဘာ(၂၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းကာလမှာ မိမိတို့ရဲ့ရှေ့တန်းရောက် တပ်သားတွေအတွက် အသက်အန္တရာယ်ကို စိုးရိမ်ကြောင့်ကြနေရတဲ့ မိဘတွေရဲ့ ပူပန်မှုနဲ့ ပြည်သူတစ်ရပ်လုံးနီးပါးက မုန်းတီးစက်ဆုပ်လာတဲ့ အဖွဲ့အစည်းကြီးမှာ စိတ်မပါပေမယ့် တာဝန်ဆက်လက်ထမ်းဆောင်နေရတဲ့ သားကောင်းစစ်သည်တွေအနေနဲ့မိမိတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ် အချိန်မီဘက်ကူးပြောင်းကာ အမှန်တရား…

read more

ရန်ကုန်၊ဇန်နဝါရီ(၁) နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့ နဲ့ စားရေရိက္ခာဖူလုံစေဖို့အတွက် ကျွန်တော်တို့အစိုးရ အနေနဲ့ တိုင်းရင်းသားပြည်သူတွေအတူ တစ်စိတ်တစ်ဝမ်းထဲ တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် “ညီညာမှ ပြည်သာမည်” ဖြစ်လို့ ကျွန်တော်တို့ရဲ့ စုစည်းအား နဲ့ တိုင်းပြည်သာယာဝပြောရေး ဝိုင်းဝန်း တည်ဆောက်ကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်သလို လာမယ့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အခုနှစ်ဟာ စိန်ရတု အကြိုကာလ ဖြစ်တယ်လို့ သူက ပြောပါတယ်။…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) မြန်မာစစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းမှုကျူးလွန်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ဒီနေ့မှာ ပြောကြားပါတယ်။ “မြန်မာပြည်သူတွေ အပေါ် စစ်တပ်ရဲ့ ကျယ်ကျယ် ပြန့် ပြန့် ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပြီး စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရတာကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အမြန် အဆုံးသတ်ဖို့ လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်” လို့ သူက ပြောပါတယ်။ ကယားပြည်နယ် နဲ့ ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အပေါ် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်လို့ အန်တိုနီ ဂျေ ဘလင်ကန် ပြောကြားပါတယ်။ ကယားပြည်နယ်မှာ ဒီဇင်ဘာလ…

read more