ရန်ကုန်၊ဖေဖော်ဝါရီ(၄) စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေစတဲ့ အရပ်ဖက် အဆောက်အဦးတွေကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးပြုနေတဲ့ CRPH၊ NUG နဲ့ PDF တွေရဲ့ လုပ်ရပ်တွေဟာ ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပြီး၊ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းရှုတ်ချရန် လိုအပ်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကတဆင့် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့ အတွင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေက ဂျီနီဗာကွန်ဗန်းရှင်း တွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ တွေအရ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် က ပြောပါတယ်။ KNPP နဲ့ PDF အဖွဲ့တွေဟာ အကျဉ်းသား၊ အကျဉ်းသူ ရာဂဏန်းကျော်ရှိနေတဲ့ လွိုင်ကော်အကျဉ်းထောင် ကို ရည်ရွယ်ချက်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းတွေ နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ တွေအရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဲ့ဒီ စစ်ရာဇဝတ်မှု တွေအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နဲ့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေ နဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ကို ဆက်လက် ဆောင်ရွက်သွားမှာ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၆) မြန်မာစစ်ကောင်စီ ကို အသိအမှတ်ပြုပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကြိုးပမ်းတာတွေ ကို ကမ္ဘောဒီးယား ပြည်သူတွေက ရှုံ့ချပြေီး အဲ့လုပ်ရပ်က ကမ္ဘောဒီးယားနိုင်ငံကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်း က သတိပေးကြေညာလိုက်ပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ လုပ်ရပ် ဟာ အလှည့်ကျ ရရှိထားတဲ့ အာဆီယံ အခွင့်အာဏာ ကို အသုံးချတာ ဖြစ်တယ်လို့ ဇန်နဝါရီလ (၄) ရက် ပူးတွဲကြေညာချက်မှာ ရေးသားထားပါတယ်။ အာဏာရှင်စနစ် တကျော့ပြန်မလာရေး နဲ့ လူသားဆန်တဲ့ လူ့အသိုင်းအဝန်းတစ်ရပ် ဖြစ်ပေါ်လာဖို့သာ အဓိကဖြစ်ပြီး လူသားမဆန်သူ၊ လူသားကျင့်ဝတ် စောင့်စည်းတာ မရှိသူတွေအတွက် လူ့အဖွဲ့အစည်း မှာ နေရာမရှိဘူး…

read more