ရန်ကုန်၊မေ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် စစ်သားနဲ့ ပျူစောထီး (၂၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ KLG တပ်မဟာဆီက သိရပါတယ်။

read more

ရန်ကုန်၊ဒီဇင်လာ(၂၈) အများပြည်သူ အလုပ်သွားချိန်မှာ စစ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင် စစ်သား တွေက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်တံတား ကို ပိတ်ဆို့စစ်ဆေးနေလို့ ခရီးသွားလာရေးအတွက် အနှောက်အယှက်ဖြစ်ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေ ဆီက သိရပါတယ်။ “မနက်စောစောကတည်းကစစ်နေတာ၊ ကျနော်တို့ဆို တစ်နာရီနီးပါးလောက်ရှိနေပြီ ပိတ်မိနေတာ၊ ဘာရှာမှန်းလည်းမသိဘူး၊ အလုပ်သွားမယ့်သူတွေကို အခက်အခဲဖြစ်အောင်လုပ်နေတာ၊ အလုပ်ဝင်တာနောက်ကျရင်လစာဖြတ်ခံရအုန်းမယ်၊ စနစ်ဆိုးကြီးမှာ နေထိုင်ရတာမလွယ်ပါဘူး” လို့ ရန်ကုန်မြို့လည်ခေါင်မှာ သွားရောက်အလုပ်ဝင်ရမယ့် ပြည်သူတစ်ဦးကပြောပါတယ်။ တံတားပေါ်မှာ ယာဉ်တွေပိတ်ဆို့နေတဲ့အတွက် အချိန်မှီလုပ်ငန်းခွင်ဝင်ဖို့အတွက် မစောင့်ဆိုင်းနိုင်တဲ့ ခရီးသွားပြည်သူတချို့ကတော့ လမ်းဆင်းလျှောက်ပြီး တံတားဖြတ်သန်းသွားလာနေကြရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ ပြောပါတယ်။

read more