ရန်ကုန်၊ ဒီဇင်ဘာ (၂၈) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ဒေသ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်အင်အားတိုးချဲ့နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁) ရက်နေ့ကစတင်ကာ ဒေသခံပြည်တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှုနဲ့ အင်အားတိုးချဲ့မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် မူသယ်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ရေးလှုပ်ရှားတာ နဲ့ စစ်အင်အားတိုးချဲ့တာတွေကို ပြုလုပ်လာတဲ့ တပ်တွေက တပ်ရင်းမှူး ရှမ်းလေးအောင် ဦးဆောင်တဲ့ ခလရ – ၃၅၁ ၊ တပ်ရင်းမှူး စိုးဇော်ထွန်း ဦးဆောင်တဲ့ ခလရ –…

read more