CDM ပြုလုပ်ပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း စိန်ခေါ်မှု အခက်အခဲတွေ တွေ့ကြုံနေရပေမယ့် ကြံ့ကြံ့ခိုင် ဖြတ်သန်းနေဆဲဖြစ်တဲ့ ဧရာ၀တီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က CDM လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်း တို့ မိသားစုရဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

read more

“CDM တွေရဲ့ ဘ၀ အမှန်ကို ပြောရရင် CDM တော်တော်များများက အဆင်မပြေကြဘူး။ အဆင်မပြေတာများတယ်။ ကြုံသလို ရုန်းကန်နေရတယ်။ တော်တော်များများက CDM ဆရာဝန်တွေလည်း ပန်းရံဆင်းနေရတာတွေ မြင်နေရတယ်။ ကျွန်တော်တို့ ပန်းရံ သွားဆင်းရင် CDM ဆရာဝန်တွေလည်းပါတယ်။ ကျွန်တော်တို့လို CDM အင်ဂျင်နီယာတွေလည်းပါတယ်။ အရာရှိတွေလည်း ပါတယ် အဲ့လိုတွေ တွေ့နေရတယ်။” ဧရာ၀တီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က CDM လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်း တို့မိသားစုဟာ အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကြုံတွေ့နေရဆဲဖြစ်တဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို အခုလို ပြောပြပါတယ်။

read more