ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်၊ 57C လမ်း၊ ၁၂၆ လမ်းနဲ့ ၁၂၇ လမ်းကြားမှာနေထိုင်တဲ့ ရာအိမ်မှူး ဦးအောင်စိန်ကို ငရဲကို ပို့ဆောင်ပေးလိုက်ပြီး ဖြစ်တယ်လို့ Yadanarbon Phoenix Guerilla Force က ပြောပါတယ်။
read moreရန်ကုန်၊ ဒီဇင်ဘာ(၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက် က ကျောင်းဆရာမတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီ က သိရပါတယ်။ “အပစ်ခံရတဲ့ ဆရာမက ဒေါ်နီလာရွှေ တဲ့၊ အငြိမ်းစားယူထားတာ၊ မနက်ဈေးသွားနေတုန်း အနောက်ကနေပစ်သွားတာ။ ကျည်ဆံတော်တော်ထိသွားတယ်ကြားတယ်၊ ဆေးရုံကိုပို့နေတုန်းလမ်းမှာ သေသွားပြီ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၅) ရက်နေ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အထက (၂) ကျောင်းကိုသွားဖို့ အငှားယာဉ်တက္ကစီနဲ့ ထွက်လာတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း ကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် သုဓမ္မာလမ်း နဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါသေးတယ်။
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်