ရန်ကုန်၊ ဇန်နဝါရီ (၃၁) အကြမ်းဖက်စစ်တပ် ရဲ့ ဗိုလ်ကြီးတစ်ဦး နဲ့ ဒုဗိုလ်အရာရှိနှစ်ဦး က CDM ပြုလုပ်ပြီး တပ်ကိုစွန့်ခွာဖို့အတွက် လာရောက်ဆက်သွယ် အကူအညီတောင်းခံထားတယ်လို့ ထောက်လှမ်းရေးအေဂျင်စီ – တနင်္သာရီတိုင်းဒေသကြီး က ပြောပါတယ်။ CDM “အရာရှိတွေ ဘေးအန္တရာယ်ကင်းသောနေရာကို ရောက်သွားပါက သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်” လို့ သူတို့က ပြောကြားခဲ့ပါတယ်။ ရေဖြူအခြေစိုက်အမြောက်တပ်ရင်း (အမတ-၃၀၄) တပ်သားတစ်ဦး ကလည်း အကြမ်းဖက်ခွေးတပ်တွေ ရဲ့ ရက်စက်ယုတ်မာမှုတွေ ကို အော့နှလုံးနာပြီး တာဝန်ဆက်လက်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက် CDM ပြုလုပ်ကာ တပ်ကိုစွန့်ခွာခဲ့ပါသေးတယ်။ အခုအချိန်မှာ အမြောက်တပ်ရင်းက တပ်သားကို လွတ်မြောက်နယ်မြေကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ ထောက်လှမ်းရေးအေဂျင်စီ – တနင်္သာရီတိုင်းဒေသကြီး ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၆) စားသောက်ကုန် ပစ္စည်း တွေကို ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်မယ်ဆိုပါက ပြည်ပသွင်းကုန် တွေကို လျှော့ချနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံခြားငွေသုံးစွဲမှု ကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဟာ ဆန်ဖူလုံမှုမရှိတဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်ရာမှာ လယ်မြေ တွေကို အသုံးမပြုဖို့ နဲ့ မြေကိုအကျိုးရှိစွာအသုံးချဖို့ လိုအပ်တယ်လို့ မနေ့က မြိတ်ခရိုင် အတွင်း ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်း နဲ့ ဒေသအတွင်းအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်း အစည်းအဝေးမှာ သူက အခုလို ပြောဆိုလိုက်ပါတယ်။ မြိတ်မြို့ဆိပ်ကမ်း ကို နိုင်ငံတကာအဆင့်မီဆိပ်ကမ်း တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ သံရိုင်း၊ ကျောက်မီးသွေး…

read more