ရန်ကုန်၊ဧပြီ(၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး တရားခံတွေကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၀) စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ အရေးပေါ် စီမံခန့်ခွဲမှု ကိစ္စရပ်တွေအတွက် မဟာမိတ်အဖွဲ့အစည်းတွေအနေနဲ့ စနစ်တကျ တိုင်ပင်ဆောင်ရွက်သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇) ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ရက် (၆၀) အတွင်း စစ်ကောင်စီဘက်က အယောက် (၂၀) သေဆုံးခဲ့ကာ (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- ထန်တလန် က အသိပေးပြောကြားခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၈) စစ်ကောင်စီ လေကြောင်းကင်းထောက်အဖွဲ့တွေနဲ့ တိုက်လေယာဉ်တွေ ချင်းပြည်နယ်၊ မင်းတပ်မြို့ ဝေဟင်မှာ ဒီနေ့ညနေအထိ ပျံသန်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၀) ဒီနေ့ မနက် (၆) နာရီ ဝန်းကျင်က စတင်ကာ စစ်ကောင်စီတပ်တွေ တိုက်လေယာဉ်၊ ကင်းထောက်လေယာဉ်တွေနဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံကျေးရွာက ဘာသာရေး အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၉) စစ်ကောင်စီဘက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖလိုင်ရွာအနီး နဲ့ လွယ်စတုံးရွာ တိုက်ပွဲမှာ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေကို အလွန်အကျွံအသုံးပြုခဲ့ပေမယ့် စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦး ကျော်ရှိခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၈) ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ ဝါရီဆူးဖလိုင်ရွာမှာ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ PDF Loikaw က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) ဖယ်ခုံ PDF က ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ ၊ ကုန်းဆုံကျေးရွာ၊ ထိုင်တော်မူဘုရား အနီးက ကင်းစခန်းတစ်ခု ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးထက်နည်း သေဆုံးခဲ့သလို အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ PDF Pekhon ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ တိုက်လေယာဉ် (၂) စီး နဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် PDF Pekhon (၂) ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

read more