ရန်ကုန်၊ ဇန်နဝါရီ (၂၉) ဖယ်ခုံ PDF က ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ ၊ ကုန်းဆုံကျေးရွာ၊ ထိုင်တော်မူဘုရား အနီးက ကင်းစခန်းတစ်ခု ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးထက်နည်း သေဆုံးခဲ့သလို အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ PDF Pekhon ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ တိုက်လေယာဉ် (၂) စီး နဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တဲ့အတွက် PDF Pekhon (၂) ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

read more