ရန်ကုန်၊ ဇန်နဝါရီ (၁) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည် တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃၀) နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးဌာန ဆီက သိရပါတယ်။ ငွေတောင်ဆည် အနီးက မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကြား မနေ့ မနက် (၈) နာရီကျော်ကနေ ညနေ (၆) နာရီကျော်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA ဘက်က ရဲဘော်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့တယ်လို့ KNDF က ပြောပါတယ်။ မနေ့က ဖရူဆိုမြို့နယ်၊ ထီသော်တနီးကျေးရွာ နဲ့ လောတောတနောရွာ အနီးမှာလည်း အကြမ်းဖက်စစ်ကောင်တပ်တွေနဲ့ ကရင်နီတပ်မတော် KA တို့ကြား…

read more