ရန်ကုန်၊ ဒီဇင်ဘာ (၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ထဲက ဒလန်ပေါင်း (၃၀) နီးပါးကို ရှင်းလင်းပြီးဖြစ်တယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဆီက သိရပါတယ်။ မနေ့ကလည်း ဒလန် မင်းအောင်ကို ရှင်းလင်းခဲ့တယ်လို့ သူတို့က ပြောပါတယ်။ ဒလန်ရှင်းလင်းရာမှာ မဆိုင်တဲ့ မိသားစုဝင်တွေကို မိမိတို့အနေနဲ့ မည်သို့မှ မလုပ်ဘဲ ဒလန် တစ်ဦးထဲကိုသာ ရှင်းလင်းတာ ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ထီးချိုင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ အနေနဲ့ စစ်ကောင်စီ ရဲ့ လက်ပါးစေ အကုန်လုံးကို ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

read more